ဒုံးကျည်စမ်းသပ်တဲ့ အဆောက်အဦကို ပိတ်ဖို့ သဘောတူညီလိုက်တဲ့ မြောက်ကိုရီးယား

skynews-korea-summit_4425927-e1552293109428.jpg

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ မြောက်ကိုရီးယားနိုင်ငံအတွင်းရှိ ဒုံးကျည်စမ်းသပ်တဲ့ အဓိကနေရာ တစ်ခုနဲ့ ဒုံးကျည်လုပ်တဲ့ အဆောက်အဦကို ပိတ်သိမ်းဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်တို့ဟာ စက်တင်ဘာ ၁၈ ရက်နေ့က တွေဆုံဆွေးနွေးခဲ့ပြီးနောက် သဘောတူညီမှုတွေရရှိခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ ဟာ နျူကလီယား ဖျက်သိမ်းရေး သဘောတူညီခဲ့သလို ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးအတွက် ပိုမိုလုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတကပြောပါတယ်။

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ မီးရထားလမ်းချင်း ဆက်သွယ်ဖို့၊ ကွဲကွာနေတဲ့ မိသားစုတွေ ပြန်ပေါင်းစည်းဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ တွန်ချောင်ရီ ဒုံးကျည်အင်ဂျင် စမ်းသပ်တဲ့နေရာနဲ့ ဒုံးကျည် အဆောက်အဦတွေကို အမြဲတမ်းပိတ်ဖို့ သဘောတူညီခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတက ပြောပါတယ်။

တောင်ကိုရီးယားသမ္မတက အမေရိကန်နိုင်ငံဟာ သဘောတူညီတဲ့အတိုင်း လုပ်ဆောင်ပေးမယ်ဆိုရင် ယွန်ဗြောင်း နျူကလီယား အဆောက်အဦကို မြောက်ကိုရီးယားက ပိတ်သိမ်းဖို့ သဘောတူညီပေးခဲ့တယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားသမ္မတဟာ မြောက်ကိုရီးယားခေါင်းဆောင်ကို တောင်ကိုရီးယားနိုင်ငံဆီ လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ကလည်း တောင်ကိုရီးယားနိုင်ငံဆီ အခုနှစ်မကုန်ခင်မှာ သွားရောက်ဖွယ်ရှိနေပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဟာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်ဖြစ်ခဲ့ရင် တောင်ကိုရီးယားနိုင်ငံဆီသွားရောက်တဲ့ ပထမဆုံးသော မြောက်ကိုရီးယား ခေါင်းဆောင်ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါအပြင် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ ၂၀၃၂ ခုနှစ်မှာကျင်းပမယ့် နွေရာသီ အိုလံပစ်ပြိုင်ပွဲကိုလည်း ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကြိုးပမ်းနေကြပါတယ်။

Ref: bbc “North Korea agrees to shut missile site, says Moon”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top