ကျောက်ကပ်ရောဂါဖြစ်နေကြောင်းပြသတဲ့လက္ခဏာ (၁၀) ချက်

kidney-signs.jpg

ဆီးလမ်းကြောင်းပိုးဝင်တာကို မကုသဘဲထားလိုက်ရင် ဒီရောဂါပိုးက ကျောက်ကပ်ထဲအထိ ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါဖြစ်နေကြောင်း သိနိုင်မယ့် လက္ခဏာ ၁၀ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မကြာခဏ ဆီးသွားချင်မယ်

ဆီးအိမ်မှာ ရောဂါပိုးစဝင်တဲ့အခါကိုယ်တွင်းအင်္ဂါတစ်ရှူးတွေ ရောင်ရမ်းပြီး မကြာခဏ သန့်စင်ခန်းပြေးရတဲ့အထိ ဖြစ်စေပါတယ်။ ဆီးအိမ်က မအောင့်နိုင်တော့ဘဲ ကျိန်းစပ်စပ်ဖြစ်ပြီး ဆီးသွားလိုက်မှကောင်းမယ်ဆိုတဲ့ အတွေးမျိုးပေါ်စေပါတယ်။ ဆီးသွားပြီးရင်တဲ့အခါမှာလည်း သန့်စင်ခန်းထပ်ဝင်ချင်တဲ့ စိတ်တွေဖြစ်စေပါတယ်။

၂။ ဆီးအိမ်မှာ ဆီးအကုန်မရှင်းဘူး

ဆီးခဏခဏသွားချင်တာက ဆီးအိမ်နဲ့ကျောက်ကပ်မှာ ရောဂါပိုးဝင်ရောက်နေတယ်ဆိုတဲ့ လက္ခဏာပါ။ အမျိုးသားတွေမှာဆို ဆီးကျိတ်ကြီးလာတာကြောင့် ဆီးအိမ်ကိုဖိထားသလိုဖြစ်ပြီး ဆီးခဏခဏသွားချင်တာပါ။အမျိုးသမီးတွေမှာဆိုရင် သွေးဆုံးမီးကပ်ကိုင်တဲ့ကာလမှာ ဆီးအိမ်အောက်လျှောသွားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေနှစ်ခုလုံးကြောင့် ဆီးအိမ်မှာ ဆီးအကုန်မရှင်းနိုင်ဘဲ ကျန်ခဲ့တဲ့ဆီးတွေက ဘက်တီးရီးယားတွေကို စုဆောင်းထားပြီး ရောဂါပိုးဝင်စေပါတယ်။ ဆီးလမ်းကြောင်းမှာ ရောဂါပိုးခဏခဏဝင်နေပြီဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသသင့်တဲ့ အခြေအနေဖြစ်ပါတယ်။

၃။ ခါးနာမယ်

ကျောက်ကပ်မှာ ရောဂါပိုးဝင်တဲ့အခါ ကျောက်ကပ်ကိုဖုံးထားတဲ့ အပေါ်ယံအလွှာကိုတွန်းထားတဲ့အတွက် ရောင်ရမ်းပြီး ထိလိုက်တိုင်းနာကျင်လာမှာဖြစ်ပါတယ်။ ကျောက်ကပ်က ခါးနဲ့ပိုနီးတဲ့နေရာမှာရှိနေတဲ့အတွက် ကျောက်ကပ်ထဲမှာ ရောင်ရမ်းနာကျင်မှုတွေက ခါးအောက်ပိုင်းမှာ သွားသက်ရောက်ပါတယ်။

၄။ ဆီးသွားတဲ့အခါနာကျင်မယ်

ကျောက်ကပ်မှာပိုးဝင်တဲ့အခါ ဆီးလမ်းကြောင်းတစ်လျှောက်မှာလည်း ရောင်ရမ်းမှုတွေဖြစ်စေပါတယ်။ ကျောက်ကပ်နဲ့ဆီးအိမ်တို့ရဲ့အပြင်သားကို ဘက်တီးရီးယားတွေအများကြီး ဝင်ရောက်လာရုံသာမက ဆီးလမ်းကြောင်းအဆုံးမှာရှိတဲ့ တစ်ရှူးနဲ့နာ့ဗ် ကြောထဲအထိ ထိုးဖောက်ဝင်ရောက်ပါတယ်။

၅။ ဆီးကအမြှုပ်ထနေမယ်

ကျောက်ကပ်မကောင်းတဲ့အခါ ဆီးထဲမှာ အမြှုပ်တွေထနေပါမယ်။ ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးတိုက်ထုတ်ဖို့ သွေးဖြူဆဲလ် တွေထုတ်ပေးတဲ့အတွက် ဆီးထဲမှာပါသွားတာက သွေးဆဲလ်နဲ့ ဘက်တီးရီးယားတွေဖြစ်ပါတယ်။

၆။ ဆီးအနံ့ဆိုးရွားခြင်း

ဆီးသွားတဲ့အခါအနံ့အရမ်းဆိုးတာက ကျောက်ကပ်ရောဂါဖြစ်နေကြောင်းပြသတဲ့ နောက်ထပ်လက္ခဏာဖြစ်ပါတယ်။ဆီးအနံ့ပြင်းတာက ရေဓာတ်ခမ်းခြောက်တာကိုပြသနေတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။ဒါကြောင့် ရေများများသောက်ဖို့တော့ လိုအပ်ပါတယ်။

၇။ ဆီးထဲမှာပြည်ပါခြင်း

ကျောက်ကပ်ဆိုးဆိုးရွားရွားပျက်စီးရင် ဆီးသွားတဲ့အခါ ပြည်ပါတတ်ပါတယ်။ ဒါကသွေးဖြူဆဲလ်နဲ့ဘက်တီးရီးယားတွေပေါက်ပွားလာတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်ဆီးသွားတဲ့အခါ ပြည်ပါရင် ဆီးအိမ်မှာပြည်တည်နာဖြစ်နေပြီ ဆိုတာပြတာပါ။

၈။ မူးဝေခြင်း

ကျောက်ကပ်ပိုးက မကုဘဲထားလိုက်ရင် သွေးကြောထဲအထိ ပျံ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ ကစဉ့်ကလျားဖြစ်စေပါတယ်။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုက သွေးကြောတွေကိုချဲ့ပေးပြီး သွေးပေါင်ချိန်ထိုးကျစေတာကြောင့် မူးဝေခြင်းဖြစ်စေပါတယ်။

၉။ အဖျားရှိခြင်း

ခန္ဓာကိုယ်မှာ အပူချိန်အတက်အကျဖြစ်နေတာက ကျောက်ကပ်ဆီကို ပိုးဝင်ရောက်လာပြီဆိုတာပြတာပါ။ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားတက်တဲ့အခါ ကိုယ်တွင်းအပူချိန်ကလည်း တက်သွားပါတယ်။

၁၀။ ဆီးကသွေးရောင်သမ်းခြင်း

အမျိုးသမီးတွေက အမျိုးသားတွေထက် ဆီးလမ်းကြောင်းပိုတိုပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်းပိုးဝင်နိုင်ချေပိုများတဲ့အတွက် ကျောက်ကပ်ပျက်စီးမှု ပိုမြန်ပါတယ်။ ခန္ဓာကိုယ်က ရောဂါပိုးကို တိုက်ထုတ်နေရတဲ့အတွက် သွေးနီဆဲလ်တွေက ဆီးထဲမှာ ပါသွားတာဖြစ်ပါတယ်။

ကျောက်ကပ်မပျက်စီးစေအောင် ကြိုတင်ကာကွယ်ရာမှာ အရေးအကြီးဆုံးက ရေများများသောက်ဖို့ပါ။ အငန်များတဲ့ အစားအစာတွေကိုလျှော့စားပြီး ဆရာဝန်နဲ့တိုင်ပင်ကာ ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပဲဖြစ်ပါတယ်။

Ref: Rd.com “10 Sings you have a kidney infection”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top