အဝတ်လျှော်စက်ထဲ ဝင်ဆော့မိလို့ အသက်ဘေးကြုံခဲ့ရတဲ့ (၃) နှစ် သမီးလေး

c745660f-5d4d-4ecc-b78f-343a640a07e9.jpg

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ကော်နီဖာမှာ နေထိုင်တဲ့ အသက် (၃၂) နှစ် အရွယ် လင်ဆေးမက်ဗာရဲ့ (၃) နှစ်အရွယ် သမီးလေးဟာ အဝတ်လျှော်စက်ထဲမှာ ပိတ်မိပြီး အသက်ဆုံးရှုံးဖို့အထိ ဖြစ်ခဲ့ပါတယ်။

လင်ဆေးရဲ့ ပြောပြချက်အရ သူနဲ့ သူ့ရဲ့ အမျိုးသား ညဘက် အိပ်နေကြစဉ်အချိန်မှာ (၄) နှစ်အရွယ် သားရဲ့ အော်ငိုသံကြောင့် လန့်နိုးခဲ့ရပါတယ်။ ကြောက်လန့်တကြားနဲ့ ပြောပြနေတဲ့ သားရဲ့အသံကို ကြားပြီးနောက် အိမ်အောက်ထပ်ကို ပြေးဆင်းခဲ့တဲ့ အချိန်မှာ (၃) နှစ်အရွယ် သမီးဖြစ်သူ ခလိုး (Khloe) ဟာ အဝတ်လျှော်စက်ထဲမှာ ပိတ်မိနေပြီး စက်ဟာ ရေအပြည့်ဖြစ်လာကာ စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကမှ အဝတ်လျှော်စက် အသစ်ကို ဝယ်ယူထားတာဖြစ်ပြီး အဝတ်လျှော်စက်နဲ့ ဝေးဝေးနေဖို့ ကလေးတွေကို အကြိမ်များစွာ သတိပေးထားပေမယ့် အခုလိုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ကျွန်မတို့ အဝတ်လျှော်စက်ကို အမြန်ပိတ်လိုက်နိုင်ခဲ့ပြီး သူ့ကို အပြင်ထုတ်ဖို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ သူအခု ကျန်းမာရေးကောင်းပါတယ်” လို့ လင်ဆေးက ပြောပြခဲ့ပါတယ်။

ဒီလိုဖြစ်ပြီးတဲ့နောက် သူတို့ဟာ အဝတ်လျှော်စက်ကို ကလေးတွေ နောက်တစ်ကြိမ်ဖွင့်မရအောင် ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

Ref : Daily Mail “Girl, 3, got locked inside washing machine as drum filled with water”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top