ဒါရိုက်တာအဖြစ် ဇာတ်ကားသစ် ရိုက်ကူးနေတဲ့ မိခင်ဖြစ်သူ ဂျိုလီကို သား (၂) ယောက်က ကူညီလုပ်ကိုင်ပေးနေ

18-8-2022-yyl-10.jpg

ဟောလိဝုဒ်လောကရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး အိန်ဂျလီနာဂျိုလီဟာ သရုပ်ဆောင်မင်းသမီးအပြင် ဒါရိုက်တာလည်း လုပ်တယ်ဆိုတာ ပရိသတ်တွေ သိကြမှာပါ။ အခုလည်း “Without Blood” ရုပ်ရှင်ကားအသစ်ကို ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးနေပါတယ်။ သူ ဇာတ်ကားရိုက်ကူးတာကို ကူညီပေးမယ့် ဝန်ထမ်းအသစ် (၂) ယောက်ကိုလည်း ခန့်ထားပါတယ်။ ဝန်ထမ်း (၂) ယောက်က အခြားသူတွေတော့မဟုတ်ပါဘူး။ သူ့ရဲ့သားတွေဖြစ်တဲ့ မက်ဒို့ဇ် နဲ့ ပက်ဇ်တို့ပါ။

မက်ဒို့ဇ်နဲ့ပက်ဇ်တို့ (၂) ယောက်စလုံးက မိခင်ဖြစ်သူ ဂျိုလီရဲ့လက်ထောက်ဒါရိုက်တာတွေအနေနဲ့ ကူညီပေးနေကြတာပါ။ ရုပ်ရှင်ရိုက်ကူးနေတဲ့ မိခင် ဂျိုလီရဲ့ဘေးမှာ အနီးကပ်လုပ်ကိုင်ပေးနေကြတယ်လို့ ယူဆရပါတယ်။ သား (၂) ယောက်လုံးက မိခင်ဖြစ်သူနဲ့အလုပ်လုပ်ရတာ အဆင်ပြေနေပါတယ်။ “ကျွန်မတို့ အတူတူအလုပ်လုပ်ကြတယ်။ ရုပ်ရှင်အဖွဲ့သားတွေ အကောင်းဆုံးလုပ်တဲ့အခါ ပေါ့ပါးပါးသဘာဝအတိုင်းပဲဆိုတော့ မိသားစုကြီးလို ခံစားရတယ်” လို့ ဂျိုလီက ပြောပါတယ်။

အရင်တုန်းကလည်း ပက်ဇ်က သူ့အမေ ရိုက်ကူးတဲ့ ၂၀၁၇ ခုနှစ်ရဲ့ First They Killed My Father ဇာတ်ကားမှာ ကူညီပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဇာတ်ဝင်ခန်းပုံတွေကို ရိုက်ကူးတဲ့နေရာမှာ ကူညီပေးခဲ့ရတာပါ။ မက်ဒို့ဇ်ကလည်း သူ့အမေပဲ ရိုက်ကူးတဲ့ ၂၀၁၅ ခုနှစ်ရဲ့ By The Sea ဇာတ်ကားမှာ အလုပ်ကူလုပ်ပေးခဲ့ဖူးပါတယ်။

အိန်ဂျလီနာ ဂျိုလီနဲ့ ခင်ပွန်းဟောင်း ဘရက်ပစ်တို့မှာ ကလေး (၆) ယောက်ရှိပါတယ်။ မက်ဒို့ဇ် (အသက် ၂၀)၊ ပက်ဇ် (အသက် ၁၈)၊ ဇာဟာရာ (အသက် ၁၇)၊ ရှီလိုချ် (အသက် ၁၆) နဲ့ အမြွှာနှစ်ယောက် ဗီဗီယမ်နီ၊ ခါနိုဇ် (အသက် ၁၄) တို့ပါ။ ရှီလိုချ်နဲ့ အမြွှာကလေးနှစ်ယောက် ခါနိုဇ်နဲ့ ဗီဗီယမ်နီတို့က ဂျိုလီတို့ရဲ့သားသမီးအရင်းတွေဖြစ်ပြီး မက်ဒို့ဇ်၊ ပက်ဇ်နဲ့ ဇာဟာရာတို့ကတော့ မွေးစားကလေးတွေပါ။

“Without Blood” ဇာတ်ကားက စာရေးဆရာ အဲလက်ဆန်ဒရို ဘာရီရဲ့ ၂၀၀၂ ခုနှစ် ဝတ္ထုကို အခြေခံထားပြီး လက်ရှိမှာ သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသမီး ဆယ်လ်မာ ဟေယက်ခ်၊ မင်းသား ဒီမီယန် ဘီချီတို့နဲ့ အီတလီမှာရိုက်ကူးနေပါတယ်။ ဇာတ်ကားရဲ့ဇာတ်လမ်းဇာတ်ကွက်ကို လျှို့ဝှက်ထားပေမဲ့ ဇာတ်ကားက မမေ့နိုင်စရာဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်လို့တော့ ထုတ်ပြောထားပါတယ်။

Ref: TheMirror “Angelia Jolie hires sons Maddox, 18, and Pax, 21, to work on her new movie Without Blood”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top