ထီဆုငွေနဲ့ မိခင်ရဲ့အိမ်အတွက် အကြွေးဆပ်ပေးသွားမယ့် အမျိုးသမီး

18-4-2022-yyl-001.jpg

ဖလော်ရီဒါပြည်နယ်က အမျိုးသမီးတစ်ဦးဟာ ခဲခြစ်ထီလက်မှတ်ကနေ ထီဆုကြေး ဒေါ်လာ ၁ သန်းကံထူးပြီးနောက် မိခင်ရဲ့အကြွေးတွေကို ဆပ်ပေးဖို့ စီစဥ်နေပါတယ်။အသက် ၄၁ နှစ်အရွယ် တန်နီဆီယား ဟိုလင်စ် (Tenesia Hollins) က ပေါက်ဂဏန်းထီလက်မှတ်ကို ပန်ဆာကိုလာက Winn-Dixie စူပါမားကတ်ကနေ ဝယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ထီဆုငွေတွေနဲ့ ဘာလုပ်ဖို့ အစီအစဥ်ရှိလဲလို့ တန်နီဆီယားကို မေးတော့ သူ လုပ်ချင်တဲ့ ပထမဆုံးအရာက သူ့မိခင်ရဲ့အိမ်အတွက် အကြွေးဆပ်ပေးဖို့ပါလို့ ပြောပါတယ်။”ကျွန်မ ကြီးပြင်းလာအောင် အမေက အများကြီး လုပ်ပေးခဲ့တယ်။ အနည်းဆုံးတော့ ဒါက ကျွန်မ အမေ့အတွက် လုပ်ပေးနိုင်တဲ့အရာပါပဲ”လို့ တန်နီဆီယားက ပြောပါတယ်။ တန်နီဆီယားက ဆုငွေအဖြစ် ဒေါ်လာ ၈၂၀,၀၀၀ ကိုတစ်လုံးတစ်ခဲတည်းယူဖို့ ရွေးချယ်ခဲ့ပါတယ်။ သူ သယ်ယူခဲ့တဲ့ ထီလက်မှတ်က “500X the Cash” က ထီတစ်စောင်ကို ဒေါ်လာ ၅၀ နဲ့ဝယ်ယူရပြီး အမြင့်ဆုံးဆုငွေ ဒေါ်လာ ၂၅ သန်းပါဝင်ပါတယ်။

Ref: Foxnews “Florida woman says she will pay off her mother’s house after winning $1M from lotto scratch-off”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top