၁၅ နှစ်လုံးလုံး အလုပ်မလုပ်ဘဲ လစာရနေပေမဲ့ လစာတိုးရအောင် ကုမ္ပဏီကို တရားစွဲခဲ့သူ

16.5.2023-yyl-5.jpg

၂၀၀၈ ခုနှစ်ကတည်းက အလုပ်မလုပ်ဘဲ လစာရနေတဲ့ အိုင်တီပညာရှင်တစ်ယောက်ဟာ လစာတိုးပေးဖို့အတွက် အမေရိကန်နည်းပညာကုမ္ပဏီ IBM ကို တရားစွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ အီယန်ကလစ်ဖို့ဒ်ဟာ ဆေးခွင့်ရထားသူဖြစ်ပြီး IBM ကုမ္ပဏီရဲ့ မသန်စွမ်းစီမံကိန်းအရ အသက်ရှင်နေသမျှကာလပတ်လုံး လစာရရှိနေမှာပါ။ သူဟာ တစ်နှစ်လုပ်ခ အမေရိကန်ဒေါ်လာ ၆၇၀၀၀ ( မြန်မာငွေ သိန်း ၁၈၀၀ ကျော်) ရရှိနေသူပါ။

ဒါပေမဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ညီမျှတဲ့ လုပ်ခလစာမျိုး တိုးမပေးဘူး၊ မသန်စွမ်းသူကို ခွဲခြားဆက်ဆံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အီယန်ကလစ်ဖို့ဒ်က IBM ကို တရားစွဲဖို့ ကြိုးစားခဲ့တာပါ။ ဗြိတိန်နိုင်ငံသား ကလစ်ဖို့ဒ်ဟာ ၂၀၀၀ ခုနှစ်ကတည်းက အမေရိကန်ဆော့ဖ်ဝဲကုမ္ပဏီ Lotus Development ( နောက် ၅ နှစ်အကြာမှာ IBM က ဝယ်ယူ)မှာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလလမှာ ဆေးခွင့် ၅ နှစ် ယူခဲ့တာပါ။ သူဟာ ပုံမှန်လုပ်ခလစာရဲ့ ၇၅ ရာခိုင်နှုန်းအထိ ရရှိနေတာ ဖြစ်ပါတယ်။

ကလစ်ဖို့ဒ်က တရားစွဲဖို့ လျှောက်ထားခဲ့ပေမဲ့ တရားရုံးကတော့ ဒီထက် ပိုမျှတကောင်းမွန်တဲ့ သဘောတူညီမှုမျိုး မရှိဘူးဆိုပြီး သူ့ရဲ့ လျှောက်ထားချက်ကို ပယ်ချခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ် ဒီသတင်း ပျံ့နှံ့သွားပြီးနောက်မှာတော့ ” ဘာအလုပ်မှ မလုပ်ဘဲ လစာရနေတာကိုတောင် မကျေမနပ်ဖြစ်နေသူ” လို့ ကလစ်ဖို့ဒ်ကို လူမှုကွန်ရက် အသုံးပြုသူတွေက ဝေဖန်ခဲ့ကြပါတယ်။

Ref: IT Worker on Sick Leave for 15 Years Sues Company for Not Giving Them a Pay Raise

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top