အိမ်မှာ ရှိထားသင့်တဲ့ ပဋိဇီဝဓာတ်တွေ သဘာဝအလျောက်ပါဝင်တဲ့ အစားအစာများ

6-4-2020-yyl-002.jpg

ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ အရေးကြီးလှပါတယ်။ ကိုယ်ခံအားစနစ်ကောင်းအောင် နေထိုင်မှ ရောဂါပိုးတွေ ဝင်ရောက်မလာမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့လမ်းညွှန်ချက်တွေကိုလည်း လိုက်နာဖို့ လိုပါတယ်။ ပဋိဇီဝဓာတ်ပါဝင်တဲ့အစားအစာတွေကို နေ့စဉ်စားသုံးပေးမယ်ဆိုရင်လည်း ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ပဋိဇီဝဓာတ်တွေ သဘာဝအလျောက်ပါဝင်တဲ့ အစားအစာတွေ ရှိပါတယ်။ အဲဒီအစားအစာတွေကို အိမ်မှာ ထားရှိထားမယ်ဆိုရင် သင့်ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်မှာပါ။ ပဋိဇီဝဓာတ်တွေ သဘာဝအလျောက်ပါဝင်တဲ့ အဲဒီအစားအစာတွေကို ဖော်ပြပေးချင်ပါတယ်။

ပျားရည်

ပျားရည်က ဘတ်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်ပေးတဲ့ အစားအစာဖြစ်ပါတယ်။ ပျားရည်မှာ ပါဝင်တဲ့ အဓိကပါဝင်ပစ္စည်းက ဘတ်တီးရီးယားပိုးတွေ တိုက်ဖျက်ပေးတဲ့ဂုဏ်သတ္တိတွေ ပေးစွမ်းတဲ့ ပါအောက်ဆိုဒ်ဖြစ်ပါတယ်။ ပျားရည်က အနာပေါ်မှာ အသုံးပြုတဲ့အခါမှာလည်း အနာကျက်မြန်စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။

ဂျင်း (ချင်း)

ဂျင်းက အအေးမိဖျားနာခြင်းတွေကို ကုသပေးနိုင်စွမ်းရှိပါတယ်။ အော့အန်၊ မူးဝေခြင်းတွေကို သက်သာသွားအောင် တိုက်ဖျက်ပေးပါတယ်။ ဂျင်းက သဘာဝပဋိဇီဝဓာတ်ပါပဲ။ ရေနွေးထဲထည့်သောက်ပေးလို့ရသလို ဟင်းတွေထဲ ထည့်ချက်လို့လည်းရပါတယ်။

လေညှင်းပွင့်

လေညှင်းပွင့်ကို သွားပြဿနာတွေ ကုသတဲ့နေရာမှာ အသုံးပြုလေ့ရှိကြပါတယ်။ ဘတ်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ လေးညှင်းပွင့်ကို နေ့စဉ်စားသုံးပေးမယ်ဆိုရင်လည်း ကျန်းမာရေးနဲ့ညီညွှတ်စွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကလည်း ပဋိဇီဝဓာတ်တွေ သဘာဝအလျောက်ပါဝင်ပါတယ်။ အသုပ်တွေထဲ ကြက်သွန်ဖြူကို ထည့်စားရင် အကောင်းဆုံးပါပဲ။ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးတဲ့၊ ကာကွယ်ပေးနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။

သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်က ကူးစက်ရောဂါတွေကိုလည်း အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ သစ်ကြံပိုးခေါက်အနည်းငယ်ကို ရေနွေးကြမ်းထဲ ပုံမှန် ထည့်သောက်ပေးလို့ရပါတယ်။

ဗီတာမင်စီ

ဗီတာမင်စီက ကိုယ်ခံအားစနစ်ကောင်းအောင် မြှင့်တင်ပေးနိုင်ပါတယ်။ လိမ္မော်သီး၊ နာနတ်သီးလို သစ်သီးတွေမှာလည်း ဗီတာမင်စီဓာတ်ပါဝင်ပြီး ဗီတာမင်စီဓာတ်ရရှိအောင် အဲဒီအသီးတွေကို စားပေးသင့်ပါတယ်။ အဲဒီအသီးတွေကို ဖျော်ရည်ဖျော်သောက်ရင်လည်း သင့်ကျန်းမာရေးအတွက် အရမ်းကောင်းမွန်ပါတယ်။

Ref: Natural antibiotics that are a must in your kitchen

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top