အိုင်ကာဒီနဲ့ အင်တာမီလန်အသင်းဖော်တွေ ပြေလည်အောင် နိုင်ဂိုလန် ညှိနှိုင်းပေးခဲ့

s6.jpg

အာဂျင်တီးနားတိုက်စစ်မှူး အိုင်ကာဒီဟာ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်ခဲ့တဲ့နောက်ပိုင်း အင်တာမီလန်အသင်းမှာ အသင်းခေါင်းဆောင်ရာထူးကနေဖယ်ရှားခံခဲ့ရပြီး ပွဲကစားခွင့် တစ်လလောက် ဆုံးရှုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အိုင်ကာဒီဟာ အသင်းရဲ့ စီနီယာကစားသမားတွေနဲ့ အဝတ်လဲခန်းထဲမှာ မပြေလည်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အိုင်ကာဒီနဲ့ အသင်းဖော်တော်တော်များများ ပြေလည်သွားကြပြီး အိုင်ကာဒီလည်း အင်တာမီလန်အတွက် ပွဲကစားခွင့် ပြန်လည်ရရှိနေပါပြီ။

အဲဒီလို ပြေလည်သွားရတဲ့အကြောင်းရင်းကတော့ ဘယ်လ်ဂျီယံကွင်းလယ်လူ နိုင်ဂိုလန်ရဲ့ စေ့စပ်ညှိနှိုင်းမှုကြောင့်ပါ။ နိုင်ဂိုလန်က စေ့စပ်ညှိနှိုင်းပေးလို့ အိုင်ကာဒီနဲ့ အသင်းဖော် တော်တော်များများ ပြေလည်သွားပေမဲ့ စီနီယာကစားသမား (၄) ယောက်ကတော့ အိုင်ကာဒီကို အမြင်မကြည်ကြသေးဘူးလို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top