ဆေးလိပ်ဖြတ်ဖို့ S T A R ကိုလိုက်နာကြစို့

9-6-2-21-yl-25.jpg

ယောက်ျားလေးအများစုက အရွယ်ရောက်လာတဲ့အခါ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆေးလိပ်ကို သောက်လာကြပါတယ်။ တချို့က စတိုင်ကျဖို့သောက်တယ်။ တချို့က ကြိုက်လို့သောက်တယ်။ တချို့က စဉ်းစားခန်းဝင်တဲ့အခါမှသောက်တယ်။ ဆေးလိပ်က စတင်သောက်သုံးဖို့လွယ်ပေမယ့် ဆေးလိပ်ကိုစွဲသွားတဲ့အခါ အင်မတန်ဖြတ်ဖို့ ခက်ခဲပါတယ်။

ဆေးလိပ်ကိုဘယ်လိုစဖြတ်ကြမလဲ

တချို့ကဆေးလိပ်ဖြတ်ချင်ပေမယ့် ဘယ်ကနေဘယ်လိုစပြီးဖြတ်ရမလဲဆိုတာ မသိကြပါဘူး။ ဆေးလိပ်စဖြတ်တဲ့လူတစ်ယောက်အနေနဲ့ S T A R ဆိုတဲ့ စကားလုံး (၄)လုံးကို သိထားဖို့လိုပါတယ်။

S – Set a quit date ဆေးလိပ်စတင်ဖြတ်မည့်နေ့ရက်ကို ရွေးချယ်သတ်မှတ်ပါ။
T – Tell your friends, family မိမိရဲ့မိသားစုဝင်တွေ၊ မိတ်ဆွေ အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေကို ဆေးလိပ်၊ဆေးရွက်ကြီး ဖြတ်နေကြောင်း ပြောပါ။
A -Anticipate challenges ဆေးလိပ်ဖြတ်ရာမှာ အခက်အခဲတွေကြုံရနိုင်တယ်ဆိုတာကို ကြိုတင်မျှော်လင့်ထားပါ။
R- Remove tobacco products from your environment ဆေးလိပ်ဖြတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ တစ်ရက်အလိုမှာ ဆေးလိပ်၊ စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးရွက်ကြီးထုတ်ကုန်များ၊ မီးခြစ်၊ ဆေးလိပ်ပြာခွက် စသည့်ပစ္စည်းများကို မိမိအနီးအနားမှ ဖယ်ရှားထားလိုက်ပါ။

ဆေးလိပ်ဖြတ်တဲ့အချိန် လိုက်နာသင့်တဲ့နည်းလမ်းတွေ

  • ခင်မင်တဲ့သူငယ်ချင်းတွေဆီ သွားရောက်လည်ပတ်ပါ။
  • စာဖတ်ခြင်းလိုမျိုး ဝါသနာပါတာတွေ လုပ်ဆောင်ပါ။
  • မိတ်ဆွေသူငယ်ချင်းတွေက ဆေးလိပ်ပေးတဲ့အခါ သောက်ဖို့တိုက်တွန်းလာတဲ့အခါမျိုးမှာ ငြင်းဆိုပါ။
  • မျက်စိပိတ်၊ အသက်မှန်မှန်ရှူပြီး ခေတ္တာနားနေပါ။ ကိုယ့်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
  • မိမိအသိုင်းအဝိုင်းထဲမှာ ဆေးလိပ်ဖြတ်သူရှိမရှိ၊ စုံစမ်းပြီး တိုင်ပင်ပြောဆိုပါ။

ဆေးလိပ်ဖြတ်ခြင်းရဲ့ကောင်းကျိုး

ဆေးလိပ်ဖြတ်တာချင်းတူရင်တောင် မြန်နိုင်သမျှ အမြန်ဆုံးဖြတ်တာက ကျန်းမာရေးအတွက် ပိုပြီးကောင်းကျိုးများစေပါတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့လူတွေက ဆေးလိပ်ဆက်သောက်နေတဲ့သူတွေထက်လည်း မျှော်မှန်း သက်တမ်း တိုးတက်မှုများ ရှိလာနိုင်ပါတယ်။

အသက် ၃၀ ခန့် မှာ ဆေးလိပ်ဖြတ်မယ်ဆိုရင် ဆေးလိပ်သောက်နေတဲ့သူထက် သက်တမ်း (၁၀) နှစ်ခန့် ပိုနေရခြင်း၊
အသက် ၄၀ ခန့် မှာ ဆေးလိပ်ဖြတ်မယ်ဆိုရင် ဆေးလိပ်သောက်နေတဲ့သူထက်သက်တမ်း (၉) နှစ်ခန့် ပိုနေရခြင်း၊
အသက် ၅၀ ခန့် မှာ ဆေးလိပ်ဖြတ်မယ်ဆိုရင် ဆေးလိပ်သောက်နေတဲ့သူထက်သက်တမ်း (၆) နှစ်ခန့် ပိုနေရခြင်း၊
အသက် ၆၀ ခန့်မှာ ဆေးလိပ်ဖြတ်မယ်ဆိုရင် ဆေးလိပ်သောက်နေတဲ့သူထက်သက်တမ်း (၃) နှစ်ခန့် ပိုနေရခြင်း
ဒ့ါပြင် ပြင်းထန်တဲ့ ရောဂါအခြေအနေ ခံစားနေရချိန်တွေမှာလက်ငင်း အကျိုးကျေးဇူးအနေနဲ့ နှလုံးရုတ်တရက်ထိခိုက်ခြင်း ဖြစ်နိုင်ခြေကို (၅၀) ရာခိုင်နှုန်းလျော့ချပေးတဲ့ထိ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် အဆုတ်ကင်ဆာရောဂါဖြစ်နိုင်ချေ ကျဆင်းစေတဲ့ ကောင်းကျိုးတွေအပြင် စဖြတ်တဲ့ အချိန်ကနေစပြီး ခန္ဓာကိုယ်မှာ ရုပ်ပိုင်းဆိုင်ရာကောင်းကျိုးတွေ ရရှိနိုင်မှာဖြစ်ပါတယ်။

Photo- Internet
Source- World Health Organization(WHO)

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top