မိုးရာသီမှာ ဘာတွေစားပြီး ဘာတွေရှောင်ရမလဲ

9-6-2-21-yl-18.jpg

မိုးရာသီမှာ ဖျားနာတာကနေ ရှောင်ရှားဖို့အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေကို စားပေးဖို့လိုအပ်ပါတယ်။ အခုလိုကာလမှာ ရာသီတုပ်ကွေးရောဂါနဲ့ ကူးစက်ရောဂါတွေဖြစ်တတ်တဲ့အတွက် အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဘတ်တီးရီးယားဆိုင်ရာ ကူးစက်ရောဂါဖြစ်နိုင်ချေက အခြားရာသီတွေနဲ့ယှဉ်ရင် မိုးတွင်းမှာ နှစ်ကြိမ်ထက်ပိုပြီးဖြစ်နိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ လေထဲမှာ စိုစွတ်မှုမြင့်မားတာက ကူးစက်ရောဂါရနိုင်ဖို့ ပိုလွယ်ကူစေပါတယ်။ ဒါကြောင့် ရောဂါကင်းဝေးပြီး ကျန်းမာရေးကောင်းဖို့က အရေးကြီးပါတယ်။ အဲဒီအတွက် ဘာတွေစားပြီး ဘာတွေမစားရဘူးလဲဆိုတာကို သိဖို့လည်း လိုလာပါပြီ။ မိုးရာသီမှာ အစားအစာနဲ့ပတ်သက်ပြီး ဘာတွေဆောင်လို့ ဘာတွေရှောင်ရမလဲဆိုတာကို အနည်းငယ်လမ်းညွှန်ပေးလိုက်ရပါတယ်။

ဆောင်ရန်

စွပ်ပြုတ် – သင့်ရဲ့တစ်နေ့တာအစားအစာမှာ ဟင်းသီးဟင်းရွက်ပါဝင်တဲ့ စွပ်ပြုတ်တစ်ခွက်တော့ ပါဝင်သင့်ပါတယ်။ ဒါက သင့်ကို မိုးရေကြောင့် အအေးမိနိုင်တဲ့ အန္တရာယ်ကနေ ကာကွယ်ပေးမှာဖြစ်တဲ့အပြင် တစ်နေ့တာရဲ့ အာဟာရဓာတ်တွေကို ရရှိပြီး ရေဓာတ်ပြည့်ဝနေစေမှာလည်းဖြစ်ပါတယ်။

ရေနွေးကြမ်း – ဆေးဘက်ဝင်ရေနွေးကြမ်းကို မိုးတွင်းကာလမှာ များများသောက်ပေးသင့်ပါတယ်။ အထူးသဖြင့် နေ့တိုင်း ချင်း (ဂျင်း) ရေနွေးကြမ်းကို သောက်ပေးသင့်ပါတယ်။ ဒါ သင့်ကို အအေးမမိအောင် ကာကွယ်ပေးနိုင်ပြီး အစာကို အလွယ်တကူချေဖျက်ပေးနိုင်စွမ်းရှိပါတယ်။

ဗီတာမင်စီပါဝင်တဲ့အစားအစာ – မိုးရာသီမှာ အအေးမိဖျားနာတာတွေမဖြစ်အောင် တစ်နေ့တာအစားအစာမှာ ဗီတာမင်စီပါဝင်အောင်စားပါ။ ဗီတာမင်စီက ကိုယ်ခံအားကောင်းစေပြီး ရောဂါအလွယ်တကူမဝင်ရောက်လာနိုင်တဲ့ တားဆီးပေးနိုင်တယ်ဆိုတာ လူတိုင်းသိထားကြပါတယ်။

ရှောင်ရန်

ဖျော်ရည် – မိုးရွာတဲ့အခါမျိုးမှာ ဖျော်ရည်သောက်တာကို ရှောင်ပါ။ အထူးသဖြင့် လမ်းဘေးဆိုင်က ဖျော်ရည်ပါ။ မိုးရာသီမှာ လမ်းဘေးအစားအစာတွေကို စားသောက်ခြင်းမှ ရှောင်ကျဉ်တာအကောင်းဆုံးပါပဲ။ သင်က သဘာဝသစ်သီးဖျော်ရည်သောက်ချင်စိတ်ပြင်းပြနေတယ်ဆိုရင် အိမ်မှာပဲ ချက်ချင်း ကိုယ်တိုင် လုပ်သောက်ပါ။

မချက်ပြုတ်ဘဲ ဒီအတိုင်းစားလို့ရတဲ့အစားအစာ – မိုးရာသီမှာ အသုပ်စားတာ၊ မချက်ပြုတ်ဘဲ ဒီအတိုင်းစားတာတွေကို ရှောင်ပါ။ အခုရာသီမှာ မချက်ပြုတ်ဘဲ အစိမ်းအတိုင်းစားလို့ရတဲ့အစားအစာတွေက အစာအဆိပ်သင့်တာနဲ့ အခြားကျန်းမာရေးပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။

Ref: What to eat during monsoon

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top