ပစ္စည်းတွေပြတ်လပ်သွားတဲ့အထိ ဈေးဝယ်ယူကြတဲ့သူတွေကို အပြင်းအထန်ဝေဖန်လိုက်တဲ့ သြစတြေးလျဝန်ကြီးချုပ်

18-3-2020-yyl-001.jpg

နိုင်ငံအနှံ့အပြားမှာကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကြောင့် လူတော်တော်များများ စိုးရိမ်နေကြရပါတယ်။ အဲဒီလို စိုးရိမ်နေကြရတဲ့အတွက် စူပါမားကတ်တွေမှာ ပစ္စည်းပြတ်လပ်သွားလောက်အောင်ထိ အခြားသူတွေကို မငဲ့ကွက်ဘဲနဲ့ ဈေးဝယ်ယူနေကြပါတယ်။ အဲဒီလိုဝယ်ယူနေကြတဲ့သူတွေကို သြစတြေးလျဝန်ကြီးချုပ်က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ပုံတွေ၊ ဗီဒီယိုတွေက စူပါမားကတ်မှာ ပစ္စည်းတွေပြတ်လပ်နေတာကို ပြသနေတာပါ။ တချို့သူတွေက အိမ်ထဲအောင်းနေစဉ်မှာ လိုအပ်တဲ့ပစ္စည်းတွေကို လိုတာထက်ပိုဝယ်ယူခဲ့တာကြောင့် တခြားသူတွေ ဝယ်ယူလို့မရအောင် ပစ္စည်းတွေပြတ်လပ်သွားရတာ ဖြစ်ပါတယ်။ တချို့စူပါမားကတ်တွေက ဒီပြဿနာကို ကာကွယ်ဖို့အတွက် တားမြစ်ကန့်သတ်ချက်တွေ သတ်မှတ်ထားရပါတယ်။ ဒါပေမဲ့ ဈေးဝယ်သူတွေက စည်းမျဉ်းကိုချိုးဖောက်နေကြတုန်းပါပဲ။

သတင်းစာရှင်းလင်းပွဲ အတောအတွင်းမှာ သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆန် က ဒီအပြုအမူကို သြစတြေးလျ လူမျိုးတစ်ယောက်ရဲ့ အပြုအမူမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ “လိုအပ်တဲ့အရာတွေ ဝယ်ယူတဲ့နေရာမှာ ပစ္စည်းပြတ်လပ်တဲ့အထိ ဝယ်ယူတာတွေကို ရပ်တန့်လိုက်ပါ။ ဒါနဲ့ပတ်သက်ပြီး တဲ့တိုးမပြောချင်တော့ပါဘူး။ ဒါက ကောင်းတဲ့အရာမဟုတ်ပါဘူး။ အကူအညီမဖြစ်ပါဘူး။ ဒီရောဂါဖြစ်ပွားမှုကို တုံ့ပြန်တဲ့ သြစတြေးလျလူမျိုးတွေမှာ ကျွန်တော် တွေ့ရတဲ့ စိတ်ပျက်စရာအရာတွေထဲက တစ်ခုပါပဲ။ သြစတြေးလျ လူမျိုးတွေမဟုတ်ဘူး။ လူတွေ လုပ်သင့်တဲ့အရာမဟုတ်ဘူး။ လိုအပ်တဲ့အတိုင်းအတာနဲ့ ကန့်သတ်ပြီး ဝယ်ယူကြပါ” လို့ ပြောပါတယ်။

ဒါ့အပြင် “သြစတြေးလျလူမျိုးတွေရဲ့ ပူပေါင်းပါဝင်မှုကို ကျွန်တော်ရှာဖွေနေတာပါ။ ဒါတွေလုပ်နေတာကို ရပ်တန့်လိုက်ပါ။ ဒါက မတရားမှုပါပဲ။ သြစတြေးလျ လူမျိုးမပီသပါဘူး။ ရပ်တန့်ရပါမယ်။ အချင်းချင်း မှန်ကန်တဲ့အရာကို လုပ်ကြဖို့ လူတွေကို ကျွန်တော်တောင်းဆိုချင်ပါတယ်။ ဝန်ထမ်းတွေကို မနှိပ်စက်ပါနဲ့။ ကျွန်တော်တို့တွေအားလုံးက အတူတူပါပဲ။ လူတွေက သူတို့ရဲ့အလုပ်ကို လုပ်နေကြတယ်။ သူတို့က အကောင်းဆုံးလုပ်နေကြပါတယ်။ မနက်ဆို သူတို့က ဆေးခန်းမှာလား။ ဈေးဝယ်စင်တာမှာလား။ ဘဏ်၊ ရထားဘူတာမှာလား။ လူတိုင်းက အကောင်းဆုံးလုပ်နေကြတာပါ။ ဒါကြောင့် သူတို့လုပ်နေတဲ့အလုပ်မှာ အချင်းချင်း ပံ့ပိုးမှုတွေလုပ်ကြရအောင်” လို့ ဝန်ကြီးချုပ်စကော့ မော်ရစ်ဆန်က ပြောခဲ့ပါတယ်။

Woolworths, Coles နဲ့ IGA ဈေးဝယ်စင်တာတွေက ကုန်ပစ္စည်းတွေရနိုင်ဖို့အတွက် သက်ကြီးရွယ်အိုအတွက် ဈေးဝယ်ချိန်သတ်မှတ်ပေးထားပါတယ်။ စင်တွေပေါ်မှာ ဘာမှမရှိဖြစ်နေတာက ပစ္စည်းပြတ်လပ်မှုတစ်ခုကြောင့်မဟုတ်ဘဲ ပစ္စည်းဖြန့်ဝေတဲ့စင်တာကနေ ထုတ်ကုန်တွေရဖို့ အခက်အခဲဖြစ်နေတယ်လို့ စူပါမားကတ်တွေကပြောပါတယ်။

Ref: Scott Morrison Slams People Who Have Been Stockpiling Supplies During Coronavirus Outbreak

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top