အချိန်မှားပြီး စားမိလေ့ရှိတတ်ကြတဲ့ အစားအသောက် (၄) မျိုး

Spero062017.jpg

ဘယ်အချိန်မျိုးမှာ ဘယ်အစားအသောက်တွေကို စားသုံးသင့်တယ်ဆိုတဲ့ သတ်မှတ်ချက်တွေရှိနေပေမဲ့ ကျွန်တော်တို့က အမှတ်တမဲ့နဲ့ပဲ စားမိနေတတ်ကြပါတယ်။ စားသင့်တဲ့အချိန်လွဲမှားပြီးစားသောက်နေကြတဲ့ အစားအသောက် (၄) မျိုးကတော့

၁။ နွားနို့

နွားနို့ကို ညအချိန်မှာ သောက်တာက မှန်ကန်ပါတယ်။ ဒါပေမဲ့ မနက်ခင်းမှာတော့ နွားနို့မသောက်သင့်ပါဘူး။ မနက်ခင်း အိပ်ရာကထတဲ့အခါမှာ ခန္ဓာကိုယ်က တက်ကြွလန်းဆန်း နေပါတယ်။ ဒါကြောင့် နွားနို့သောက်ဖို့ မလိုသေးတာပါ။ နွားနို့ဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို လျော့ချပေးနိုင်ပါတယ်။ နောက်ပြီး ပိုအိပ်ပျော်စေပါတယ်။ ညအချိန် အနားယူတဲ့အခါမှာ နွားနို့သောက်တာက ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ဆဲလ်တွေကို အထူးကောင်းမွန်စေနိုင်ပါတယ်။

၂။ ထမင်း


ထမင်းကို ဖြစ်နိုင်ရင် ညအချိန်မှာ ထမင်းမစားသင့်ဘဲ နေ့လယ်စာစားတဲ့အချိန်မှာစားတာက အမှန်ကန်ဆုံး ဖြစ်ပါတယ်။ နေ့လယ်မှာပဲ စားသင့်တဲ့အကြောင်းကတော့ ခန္ဓာကိုယ်က ဇီဝဖြစ်ပျက်မူတွေဟာ ညဘက်ထက် နေ့ဘက်မှာ ပိုပြီးတော့ ဖြစ်ပျက်တာကြောင့်ဖြစ်ပါတယ်။

၃။ သကြား

ရေခဲမုန့်တို့ ချောကလက်တို့ သကြားနဲ့ လုပ်ထားတဲ့ အစားအစားအားလုံးကို မနက်ခင်းမှာစားတာ အကောင်းဆုံး ဖြစ်ပါတယ်။ မနက်ခင်းမှာ သကြားစားတာက ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ သကြားဓာတ်တွေကို ဖြည့်ပေးတာဖြစ်လို့ တစ်နေ့တာလုံး သကြားဓာတ် ပြည့်ပြည့်ဝဝရရှိမှာဖြစ်ပြီး ပိုမိုပြီးလည်း တက်ကြွလန်းဆန်းစေပါလိမ့်မယ်။ ညဘက်မှာ သကြားစားတာကတော့ ခန္ဓာကိုယ်ကိုယ်မှာရှိတဲ့အဆီကို ပိုတက်လာစေပြီး ဝစေပါလိမ့်မယ်။ ဒါကြောင့် ညဘက် သကြားမစားသင့်ပါဘူး။

၄။ ငှက်ပျောသီး

ငှက်ပျောသီးကို နေ့လယ်ဘက်မှာ စားတာဟာ အကောင်းဆုံးပါ။ ငှက်ပျောသီးဟာ အမျဉ်ဓာတ်ကြွယ်ဝတဲ့အစားအစာဖြစ်လို့ အစာချေဖျက်ပေးမူကိုလည်း ကူညီပေးနိုင်ပါတယ်။ တစ်နေ့တာလုံးအတွက်လည်း ခွန်အားပြည့်ဝနေစေပါလိမ့်မယ်။ ညဘက်မှာ ငှက်ပျောသီးစားရင်တော့ ချွဲသလိပ်ကြပ်ပြီး ချောင်းဆိုးနိုင်ပါတယ်။ ဒါ့အပြင် ညဘက် အစာအိမ်ထဲမှာ ဘာမှမရှိတဲ့အခါ ငှက်ပျောသီး စားမိသွားရင် အစာအိမ်အတွက် ပြဿနာလည်း ဖြစ်လာစေနိုင်ပါတယ်။

Ref: HealthyLife

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top