နောက်အနှစ် ၃၀ အထိ တစ်လကို ဒေါ်လာ ၁ ၂၀၀၀ ကျော်ရရှိမယ့် ထီဆုကြီး ပေါက်ခဲ့တဲ့ အမျိုးသမီး

11.9.23-yyl-၁၆.jpg

အင်္ဂလန်နိုင်ငံက အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးဟာ နောက် အနှစ် ၃၀ အထိ တစ်လကို ဒေါ်လာ ၁၂၄၃၃ ရရှိမယ့် ထီဆုကြီး ပေါက်ခဲ့ပါတယ်။ ဒိုရစ် စတန်ဘရစ်အမည်ရတဲ့ အဲ့အမျိုးသမီးက ဒီထီဆုဟာ သူ့ကို အသက် ၁၀၀ အထိ နေနိုင်စေဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒိုရစ်က အခုလိုထီဆုကြီးပေါက်မယ့် ထီလက်မှတ်ကို အသက် ၇၀ နှစ်ပြည့်မွေးနေ့အမှတ်တရအနေနဲ့ ဝယ်ယူခဲ့တာပါ။ ဒိုရစ်က App ကနေတဆင့် Set For Life ထီလက်မှတ်ကို ဝယ်ယူဖြစ်ခဲ့တာပါ။ သီတင်းပတ်ကျော်လောက်က National Lottery ဆီက အီးမေးလ်တစ်စောင်လက်ခံရရှိခဲ့ပါတယ်။ သူက ၁၂ ဒေါ်လာလောက်ပဲ ပေါက်ခဲ့တယ်လို့ ထင်ခဲ့တာပါ။ အီးမေးလ်မှာ ရေးထားတာက “ဂုဏ်ယူပါတယ်…နှစ် ၃၀ လုံး တစ်လကို ဒေါ်လာ ၁၂၄၃၃ ရရှိသွားခဲ့ပါပြီ”တဲ့။

ဒိုရစ်က မယုံနိုင်ဖြစ်လို့ သူ့သားမက်ကို သေချာအောင်မေးခဲ့ရပါတယ်။ နောက်နေ့မနက်ကျတော့ The National Lottery ကနေ တရားဝင်အတည်ပြုစာလက်ခံရရှိခဲ့ပါတယ်။ အခုဆို ဒိုရစ်နဲ့ သူ့ခင်ပွန်းဖြစ်သူတို့က သူတို့ရဲ့မိသားစုနဲ့ အားလပ်ရက်ကို ပျော်ရွှင်စွာဖြတ်သန်းနေကြပါပြီ။ သူတို့ရဲ့နေအိမ်ကို ပြန်လည်မွမ်းမံပြင်ဆင်ဖို့ စီစဉ်ထားပြီး နိုင်ငံရပ်ခြားကိုလည်း အားလပ်ရက်ခရီးထွက်ဖို့လုပ်ထားပါတယ်။

Ref: UK Woman, 70, Wins Lottery, To Receive ₹ 10 Lakh Per Month For 30 Years

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top