ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅ ဘီလျံကျော် ဝင်ရောက်ဟု ဆို

29-9-2002-yyl-006.jpg

စက်တင်ဘာလအတွင်း ကုန်ဆုံးမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ၁၁ လတာကာလအတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော် ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်ဟု MENAFN ဝက်ဘ်ဆိုက်က ရေးသားထားသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၃၁ ရက်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစု ၂၂၈ ခုကို ရင်းနှီးမြှုပ်နှံခွင့်ပေးခဲ့သည်ဟု ဆိုသည်။ အဆိုပါကာလအတွင်း စွမ်းအင်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၆၇ ဘီလျံရှိခဲ့ကာ ကုန်ထုတ်လုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းက ဒုတိယနှင့် တတိယနေရာများတွင် ရပ်တည်နေသည်။ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုချက်ရရှိထားသည့် ပြည်ပကုမ္ပဏီများက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၈၆.၈ ဘီလျံကျော် ရင်းနှီးမြှုပ်နှံခဲ့သည်ဟု MENAFN ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

Ref: MENAFN ” Foreign investment in Myanmar hits more than USD5 billion”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top