ငယ်ဘဝကလပ်မှာ နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန်

hotsports02.jpg

မန်ယူတိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်ဟာ ဥရုဂွေးကလပ် ပင်နဲရိုးအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဖော်လန်ဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်ကြားကာလအတွင်း မန်ယူအသင်းမှာ ၂ ရာသီခွဲ ကစားခဲ့ဖူးပြီး အက်သလက်တီကို၊ ဗီလာရီးရဲလ်အသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။ကစားသမားဘဝ နှောင်းပိုင်းဖြစ်တဲ့ ၂၀၁၅-၁၆ ရာသီက ပင်နဲရိုးအသင်းနဲ့အတူ ဥရုဂွေးဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပင်နဲရိုးအသင်းဟာ ဖော်လန်ရဲ့ ငယ်ဘဝကလပ်ဖြစ်ပါတယ်။

ဖော်လန်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပင်နဲရိုးအသင်း နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ဒီရာသီ ပွဲစဉ်(၉)ပွဲ ကစားရာမှာ ၁၂ မှတ်ပဲ ရရှိခဲ့လို့ အမှတ်ပေးဇယား အဆင့်(၇) နေရာ ရောက်နေပါတယ်။ မွန်တီဗီဒီယိုမြို့မှာ အခြေစိုက်တဲ့ ပင်နဲရိုးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဥရုဂွေးအမှတ်ပေးဖလား ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းပါ။ ပင်နဲရိုးအသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဖြစ်ရပ်ကို စောဒကမတက်လိုဘူး။ ဘောလုံးလောကမှာ ဒီလိုကြုံရမှာပဲ။ ဒါပေမဲ့ သူ့ကို အခွင့်အရေးပေးခဲ့လို့ ကျေးဇူးတင်တယ်။ စိတ်ရှည်ရှည်ထားပြီး သင်ယူ၊ ကြိုးပမ်းခဲ့တဲ့ အသင်းသားတွေကို ကျေးဇူးတင်သလို ပရိသတ်တွေရဲ့ အားပေးမှု၊ ချစ်ခင်မှုကို ကျေးဇူးတင်တယ်လို့ ဖော်လန်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply