မက္ကဆီကိုသမ္မတက အန်ဒီရုဇ်ကို ဂုဏ်ပြု

64437268_2424185040945735_7225281962888396800_n.jpg

ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှုအာကို အနိုင်ယူပြီး မက္ကဆီကိုနိုင်ငံသားတွေထဲမှာ ပထမဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာတဲ့ အန်ဒီရုဇ်ကို မက္ကဆီကိုသမ္မတ အိုဘရာဒေါက ဂုဏ်ပြုခဲ့ပါတယ်။ အသက် (၂၉) နှစ်ရှိတဲ့ အန်ဒီရုဇ်ဟာ ဂျိုရှုအာကို (၇) ချီမှာ ဒိုင်ပွဲရပ်အနိုင်ယူပြီး WBA၊ WBO နဲ့ IBF ရွှေခါးပတ်တွေ သိမ်းပိုက်ခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံကို ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်လာခဲ့တဲ့ အန်ဒီရုဇ်ကို ပြီးခဲ့တဲ့အင်္ဂါနေ့မှာ မက္ကဆီကိုသမ္မတ အိုဘရာဒေါက သမ္မတအိမ်တော်မှာ အထူးဧည့်သည်အဖြစ် ဖိတ်ခေါ်ပြီး ရွှေရောင် လက်ဝှေ့လက်အိတ်တစ်စုံနဲ့ မက္ကဆီကိုနိုင်ငံသုံး ပီဆို (၅၀၀) ချီးမြှင့်ခဲ့ပါတယ်။

အန်ဒီရုဇ်ဟာ အခုသီတင်းပတ်အတွင်းမှာ နောက်ထပ်ခါးပတ်တစ်ခု ရရှိခဲ့ပါတယ်။ အဲဒီခါးပတ်ကို Snickers ချောကလက်တွေ ထုတ်လုပ်တဲ့ Mars ကုမ္ပဏီက ပေးအပ်ခဲ့တာပါ။ အန်ဒီရုဇ်ဟာ လက်ဝှေ့ပွဲမထိုးခင် ချောကလက်စားရတာကို နှစ်သက်သူဖြစ်ပြီး အရင်တုန်းက ပွဲထိုးခါနီးတိုင်း ချောကလက်စားလေ့ရှိပါတယ်။ ဒါပေမဲ့ ဂျိုရှုအာနဲ့ပွဲမှာတော့ နယူးယော့ခ်ပြည်နယ် အားကစားကော်မရှင်က စည်းမျဉ်းနဲ့မညီတဲ့ အစားအစာတွေစားတာကို တားမြစ်ထားလို့ ချောကလက်ချောင်း မစားခဲ့ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top