ဆုကြေးငွေအားလုံးကို ကျောင်းသားတွေအတွက် လှူဒါန်းပေးခဲ့တဲ့ နိုဘယ်ဆုရှင်

4-4-2022-yyl-23.jpg

ဓာတုဗေဒ နိုဘယ်ဆု ဆွတ်ခူးခဲ့တဲ့ ပါမောက္ခတစ်ဦးဟာ ဆုကြေးငွေအားလုံးကို ကျောင်းသားတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။ စကော့တလန်နိုင်ငံသား ပါမောက္ခ ဒေးဗစ်မက်မီလန်ဟာ ပါမောက္ခလစ်နဲ့ ပူးပေါင်းပြီး တစ်ခုနဲ့တစ်ခု ကြေးမှုံပြင်လို ရောင်ပြန်ဟပ်စေမယ့် မော်လီကျူးတွေကို တည်ဆောက်နိုင်ခဲ့တာပါ။ သူတို့ဖန်တီးခဲ့တဲ့အရာဟာ ဆေးဝါးသစ်တွေ ရှာဖွေဖို့၊ ဆိုလာဆဲလ်တွေထဲက အလင်းရောင်ကို ဖမ်းယူနိုင်မယ့် မော်လီကျူးတွေလုပ်ဖို့ အသုံးပြုနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလမှာတော့ ပါမောက္ခမက်မီလန်နဲ့ ဂျာမန်သိပ္ပံပညာရှင် ပါမောက္ခ ဘင်ဂျမင်လစ်တို့ဟာ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု ပူးတွဲဆွတ်ခူးခဲ့ပြီး ဆုကြေးငွေ ခရိုနာ ၅ သန်းစီ( ပေါင် ၂၄၁၃၀၅) ဆွတ်ခူးခဲ့ပါတယ်။ မက်မီလန်ဟာ သူ့ကို ပညာတတ်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့တဲ့ မိဘနှစ်ပါးကို ရည်စူးပြီး မေ & ဘီလီမက်မီလန်ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပါတယ်။ သူဟာ နိုဘယ် ဆုကြေးငွေအပြင် ဟောပြောပွဲတွေကနေ ရရှိလာတဲ့ ငွေကြေးအားလုံးကို တက္ကသိုလ်ကျောင်းသားတွေအတွက် လှူဒါန်းပေးခဲ့တာပါ။ မက်မီလန်ဟာ ဆုကြေးငွေနဲ့ ဟောပြောခအားလုံး လှူဒါန်းပေးခဲ့ပြီးနောက်မှာတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဘင်ဂျမန်လစ်ကို အကြွေး ပေါင် ၁၀၀၀ ပေးဖို့ ကျန်ရှိနေပါတယ်။

” နိုဘယ်ဆုပေးတဲ့မနက်မှာ သူ ကျွန်တော့်ကို ဖုန်းဆက်တယ်။ ခင်ဗျား နိုဘယ်ဆုရတယ်။ ဆုရွေးချယ်ရေးအဖွဲ့က ခင်ဗျားဆီ ဖုန်းဆက်မရလို့ဆိုပြီး ပြောတယ်။ ဒါပေမဲ့ သူပြောတာကို ကျွန်တော် မယုံဘူး။ နိုဘယ်ဆုကို သူတစ်ယောက်တည်းပဲ ရလိမ့်မယ်လို့ ကျွန်တော် ထင်နေတာ။ အဲဒါနဲ့ သူနဲ့ ကျွန်တော် ဒေါ်လာ ၁၀၀၀ ကြေး လောင်းပြီး ပြန်အိပ်လိုက်တာ။ တကယ်တမ်း ဆုလည်း ကြေညာရော ‘ခင်ဗျား ကျွန်တော့်ကို ဒေါ်လာ ၁၀၀၀ ပေးရဦးမယ်နော်’လို့ သူက လာပြောတယ်။ အခုထိ သူ့ကို မပေးရသေးဘူး” လို့ မက်မီလန်က ဆိုပါတယ်။

Ref: BBC “Prof David MacMillan gives Nobel prize money to students”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top