ပါကစ္စတန်စတော့ ဈေးကွက် အဆောက်အအုံကို သေနတ်သမား ၄ ယောက်က ဝင်ရောက်တိုက်ခိုက်

30-6-2020-yyl-009.jpg

ကရာချိမြို့မှာရှိတဲ့ ပါကစ္စတန် စတော့ဈေးကွက်ကို သေနတ်သမား ၄ ယောက်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အစောင့် ၂ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးခဲ့ပြီး တခြားသူ ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမားတွေက အဆောက်အအုံရဲ့ ပင်မဝင်ပေါက်ကို ဗုံးခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဒါပေမဲ့ သူတို့က စတော့ရှယ်ယာ အရောင်းအဝယ်လုပ်တဲ့နေရာကို မဝင်ရောက်နိုင်ခဲ့ဘူးလို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကို တွန်းလှန်တိုက်ဖျက်နေချိန်မှာ စတော့ရှယ်ယာဈေးကွက်ရဲ့ ဝန်ထမ်းတွေက သော့ပိတ်ထားတဲ့ အခန်းတွေထဲမှာ ပုန်းအောင်းနေခဲ့ကြပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ဘာလော့ချ်လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ လက်နက်ကိုင်တွေက ပြောပါတယ်။ ဘာလော့ချ်လက်နက်ကိုင်အဖွဲ့တွေက သီးခြားခွဲထွက်ခွင့်ရပြီး ဘာလော့ချီစတန်ပြည်နယ်ရဲ့ သယံဇာတခွဲဝေမှု ပိုရဖို့အတွက် အချိန်အတော်ကြာကတည်းက ပုန်ကန်တိုက်ခိုက်ခဲ့တာပါ။ ဒီဖြစ်ရပ်မှာ သေနတ်သမားတွေက လက်နက်တွေသာမက အစားအစာတွေပါ ယူဆောင်လာခဲ့တဲ့အတွက် စတော့ဈေးကွက် အဆောက်အအုံကို စီးနင်းတိုက်ခိုက်ဖို့ ပြင်ဆင်လာတာလို့ ယူဆနိုင်စရာရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်သမားတွေကို အသေဖမ်းဆီးနိုင်ခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top