၁၃ နှစ်အရွယ် အိန္ဒိယ မိန်းကလေးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

17-8-2020-yyl-009.jpg

အိန္ဒိယနိုင်ငံမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက် အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်အတွက် အိမ်နီးနားချင်း ၂ ယောက်ကို ဖမ်းဆီးထားပါတယ်။ မိန်းကလေးရဲ့ ရုပ်အလောင်းကို အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်ရဲ့ ကြံခင်းထဲကနေ တွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ သမီးဖြစ်သူဟာ မျက်လုံးဖောက်ထုတ်ပြီး လျှာဖြတ်ခံခဲ့ရတယ်ဆိုတဲ့ ဖခင်ရဲ့ ပြောကြားချက်ကိုတော့ ရဲတပ်ဖွဲ့က ငြင်းဆန်ထားပါတယ်။ မိန်းကလေးက လယ်တောထဲမှာ အိမ်သာသွားဦးမယ်ဆိုပြီး ပြန်ရောက်မလာလို့ မိသားစုက လိုက်ရှာချိန်မှာ ရုပ်အလောင်း တွေ့ရတာပါ။ သေမှုသေခင်း စစ်ဆေးမှုအရ မိန်းကလေးငယ်ဟာ အဓမ္မပြုကျင့်ခံရပြီးနောက် လည်ပင်းညှစ်သတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း မဟာပရာဒက်ရှ်ပြည်နယ်မှာ ၆ နှစ်အရွယ် မိန်းကလေးတစ်ယောက် နေအိမ်အပြင်ဘက်ကနေ ပြန်ပေးဆွဲခံရပြီး အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်မှာ မိန်းကလေးငယ်က သူ့ကို မမှတ်မိစေဖို့အတွက် ကျူးလွန်သူက ကလေးရဲ့မျက်လုံးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့ပါတယ်။
မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ပြစ်မှုမှတ်တမ်းတွေအရ အိန္ဒိယနိုင်ငံမှာ အဓမ္မပြုကျင့်ခံရသူရဲ့ လေးပုံ၊ တစ်ပုံက ကလေးတွေ ဖြစ်ပါတယ်။ အဓမ္မပြုကျင့်မှု တော်တော်များများမှာ ကျူးလွန်ခံရသူက ကျူးလွန်သူတွေကို သိကြပါတယ်။ ၂၀၁၂ ခုနှစ်က နယူးဒေလီမြို့ရဲ့ ဘတ်စ်ကားပေါ်မှာ မိန်းကလေးတစ်ယောက် အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ အဓမ္မပြုကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပိုပြီးသတိထားမိလာကြပါတယ်။ ဘတ်စ်ကားပေါ်မှာ အဓမ္မပြုကျင့်၊ လူသတ်မှုအတွက် အမျိုးသားလေးယောက်ကို သေဒဏ်ချမှတ်ပြီး ကွပ်မျက်ခဲ့ပါတယ်။

Ref: BBC “India rape: Two men arrested for 13-year-old’s rape and murder”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top