ပရီးမီးယားလိဂ်မှာ အပြေးအမြန်ဆုံး ကစားသမား

9-7-2020-yyl-025.jpg

ပရီးမီးယားလိဂ်ရဲ့အမြန်ဆုံး ကစားသမား ဆာနေး   Power Game ကစားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြေးအားကောင်းဖို့က အဓိကအချက် တစ်ချက်ပါ။ ဒါကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးမှာဦးဆောင်နေတဲ့ မန်စီးတီးအသင်း ကစားသမားတွေ ပြေးအား အကောင်းဆုံးစာရင်းမှာ ထိပ်တန်းရောက်နေတာ မဆန်းပါဘူး။    ၂၀၁၇-၂၀၁၈ ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံး ကစားသမားကတော့ မန်စီးတီးတောင်ပံကစားသမား ဆာနေးပါပဲ။ ဂျာမနီလက်ရွေးစင် ကစားသမား ဆာနေးဟာ တစ်နာရီ ၂၂.၀၅ မိုင် အမြန်နှုန်း ပြေးနိုင်ပြီး အမြန်ဆုံး စံချိန်တင်ထားတာပါ။ ဒီရာသီမှာတစ်နာရီ ၂၂ မိုင်နှုန်းနဲ့အထက် ပြေးနိုင်တဲ့ အခြားကစားသမားက တစ်ယောက်ပဲ ရှိပါတယ်။ အဲဒါကတော့ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူဗန်အန်ဟော့တ်ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်က မန်ယူကို၂-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဗန်အန်ဟော့တ်က တစ်နာရီ ၂၂.၀၁ မိုင်နှုန်းနဲ့ ပြေးနိုင်ခဲ့တာပါ။

No (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top