ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ဒေးဗစ်ဗီလာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုနဲ့ စွပ်စွဲခံထားရ

22-7-2020-yyl-036.jpg

ဘာစီလိုနာတိုက်စစ်မှူးဟောင်း ဒေးဗစ်ဗီလာဟာ မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးမှာ ကစားခဲ့ချိန်အတွင်း အလုပ်သင်ဝန်ထမ်းတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ စပိန်တိုက်စစ်မှူးဟောင်း ဒေးဗစ်ဗီလာဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ နယူးယော့ခ်စီးတီးအသင်းမှာ ကစားခဲ့သူပါ။

Skyler B လို့ အမည်ရတဲ့ အမျိုးသမီးက ” နယူးယော့ခ်စီးတီးအသင်းမှာ ကြုံခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုက အရမ်းဆိုးပါတယ်။ အခုချိန်မှာ ပရော်ဖက်ရှင်နယ် အားကစားကလပ်တွေမှာ အလုပ်လုပ်ဖို့ အရမ်းကြောက်သွားပါပြီ။ အလုပ်သင်ဝန်ထမ်း ခန့်လိုက်တုန်းက ကျွန်မအတွက် ဘဝတစ်သက်တာ အခွင့်အရေးလို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ ဒေးဗစ်ဗီလာက ကျွန်မကို နေ့တိုင်း ဟိုကိုင်၊ ဒီကိုင်လုပ်တယ်။ အလုပ်ရှင်တွေကလည်း ဒါကို ရယ်စရာလို့ပဲ သဘောထားတယ်။ သူတို့ရဲ့အဖြစ်အပျက်တွေကို ထုတ်ပြောရဲတဲ့ အမျိုးသမီးတွေက ကျွန်မရဲ့ သူရဲကောင်းတွေပါပဲ” လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ သူ့ရဲ့စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဒေးဗစ်ဗီလာကရော၊ နယူးယော့ခ်စီးတီးအသင်းကပါ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးပါဘူး။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top