ကုလသမဂ္ဂက မြန်မာကို COVID-19 စစ်ဆေးရေးပစ္စည်း ၅၀,၀၀၀ ပေးအပ်မယ်

27-3-2020-yyl-029.jpg

မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) အတွက် COVID-19 ရောဂါ စမ်းသပ်စစ်ဆေးရေးပစ္စည်း(Testing Kits)အခုပေါင်း ၅၀,၀၀၀ ကို ထပ်မံပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ အခုလိုပေးအပ်မယ့် စမ်းသပ်စစ်ဆေးရေးပစ္စည်းတွေကို UNOPS, UNICEF, WFP, UNHCR တို့နဲ့အတူ ပူးပေါင်းထောက်ပံ့ပေးတာဖြစ်ပြီး အရင်ကလည်း WHO နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက စမ်းသပ်စစ်ဆေးရေးပစ္စည်း အခု ၃၀၀၀ ကို ထောက်ပံ့ထားတာပါ။

”ကုလသမဂ္ဂအနေနဲ့ အစိုးရရဲ့ ရောဂါစစ်ဆေးရေး တိုးမြှင့်ဆောင်ရွက်ဖို့အတွက် ကျိုးစားအားထုတ်မှုတွေကို ဆက်လက်ထောက်ပံ့ပေးဖို့ ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိပါတယ်”လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ ဌာန ကိုယ်စားလှယ် Ola Almgren က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးအနေနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)ကို ပေးအပ်မယ့် စမ်းသပ်စစ်ဆေးရေးပစ္စည်း အခု ၅၀,၀၀၀ ဝယ်ယူခြင်းလုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်နေပြီလို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒါ့အပြင် စမ်းသပ်စစ်ဆေးရေးစ္စည်းတွေ ထပ်လောင်ဝယ်ယူပေးဖို့နဲ့ ရောဂါစစ်ဆေးရေးအတွက် လိုအပ်တဲ့ အစီအစဉ်ရေးဆွဲတာ၊ စမ်းသပ်စစ်ဆေးတာနဲ့ စစ်ဆေးမှုတွေကို စိစစ်တာတွေနဲ့ပက်သက်ပြီးတော့ အထောက်အပံ့ ပေးသွားဖို့ အဆင်သင့်ရှိနေတယ်လို့ Mr. Almgren က ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့တစ်ကွ အခြားသော အစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ရောဂါပြန့်နှံ့မှုကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ လိုအပ်မယ့် ကဏ္ဍတွေကို ဖော်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – အင်တာနက်
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top