A စာရင်းဝင် ပြင်သစ်ဗိသုကာလက်ရာ ဒီဇိုင်းအိမ်ကြီးကို (၁) စတာလင်ပေါင် ကနေ စတင်ပြီး လေလံတင် ရောင်းချတော့မယ်

23-6-2020-yyl-015.jpg

စကော့တလန်နိုင်ငံက ကြီးကျယ်ခမ်းနားလှတဲ့ A စာရင်းဝင် ပြင်သစ်ဗိသုကာလက်ရာစတိုင် အိမ်ကြီးကတော့ လေလံတင်ဈေးကွက်ထဲကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ (၁) စတာလင် ပေါင်ငွေပမာဏကနေ စတင်လေလံတင်မယ့် The Elms နှစ်ထပ်တိုက်အိမ်ကြီးကတော့ Arbroath မြို့မှာ တည်ရှိတာဖြစ်ပြီး Corsar မိသားစုက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အထိ ဟိုတယ်အနေနဲ့ အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာ မိဘမဲ့ဂေယာအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီအိမ်ကြီးကို ဇူလိုင် ၁၇ ရက်နေ့မှာ (၁) ပေါင်စတာလင်ကနေ စတင်ပြီး လေလံတင်ရောင်းချသွားမှာဖြစ်ပါတယ်။ (၁) စတာလင်ပေါင်ကနေ စတင်ဈေးခေါ်ပေမယ့် ဈေးအမြင့်ဆုံးလေလံတင်နိုင်တဲ့သူကတော့ ဒီအိမ်ကြီးကို ပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။

အိမ်ကြီးရဲ့အခြေအနေက အိုဟောင်းနေပေမယ့် ထူးခြားတဲ့အတွက် A စာရင်းဝင်နေတုန်းပါပဲ။ အွန်လိုင်းပေါ်မှာတော့ အိမ်ရဲ့အတွင်းပိုင်းပုံတွေကတော့ မရှိတဲ့အတွက် လေလံဆွဲချင်တဲ့ သူတွေကတော့ အိမ်ရဲ့အခြေအနေကို ကိုယ်တိုင်သွားကြရမယ်ပုံပါပဲ။ National Property Auctions ကတော့ “The Elms ကို ဝယ်ယူမယ့် သူတွေအတွက် အမိုက်စားအခွင့်အရေးက A စာရင်းဝင် (၂) ပြင်သစ်စတိုင်အဆောက်အအုံဖြစ်ပြီး မယုံနိုင်လောက်တဲ့ ငွေပမာဏ (၁) ပေါင် နဲ့ စာရင်းဝင်ထားတာဖြစ်ပါတယ်။

The Elms ကို Corsar မိသားစုက တည်ဆောက်ခဲ့တာပါ။ World-Wide Evangelisation Crusade ရဲ့ကလေးဂေဟာမဖြစ်ခင်က ဒုတိယကမ္ဘာစစ်အထိ ဟိုတယ်အနေနဲ့ အသုံးပြုခဲ့ပါတယ်။ ဗိသုကာပညာရှင် ဝီလျံ လီပါက the Doge’s Palace ကို တည်ဆောက်ခဲ့တဲ့အတွက် လူသိများကြပါတယ်။ အဆောက်အအုံတစ်ခုလုံးရဲ့အခြေအနေက အိုဟောင်းပါတယ်။ အရင်က အိမ်ကို ပြင်ဆင်ဆောက်လုပ်ဖို့ခွင့်ပြုချက်ရအောင် စီစဉ်ခဲ့ဖူးပါတယ်။ ရှေးခေတ်အိမ်ပုံစံစတိုင်တွေကို ကြိုက်တဲ့သူတွေအတွက် အခွင့်အရေးပါပဲ”လို့ ဆိုပါတယ်။

အဲဒီအိမ်ကြီးနားမှာ ပုံမှန်ရထားနဲ့ ကားဝန်ဆောင်မှုတွေ ရှိတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းတဲ့အပြင် ပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာလည်း မြို့ငယ်တွေနဲ့ ရွာတွေလည်းရှိပါတယ်။ အိမ်ကြီးကနေ လမ်းနည်းနည်း လျှောက်လိုက်တာနဲ့ မူလတန်း၊ အလယ်တန်းကျောင်းတွေနဲ့ စူပါမားကတ်တွေလည်းရှိပါတယ်။ “အရင်က ဗိသုကာလက်ရာတွေကို ထိန်းသိမ်းထားချင်တဲ့သူတွေအတွက် အထူးအခွင့်အရေးပါပဲ”လို့ National Property Auctions ရဲ့MD က ဆိုပါတယ်။

Ref: French Gothic Style House Listed With Starting Price Of £1

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top