တော်ဝင်မျိုးနွယ်ဖြစ်ခွင့်ကို စွန့်လွှတ်မယ်လို့ ကြေညာလိုက်တဲ့ ဂျပန်မင်းသမီး မေကို

japan-royals-engagement.jpg

ဂျပန်ဧကရာဇ် အာကီဟီတိုရဲ့ အကြီးဆုံးမြေးဖြစ်သူ မင်းသမီး မေကိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သာမ န်အရပ်သားတစ်ယောက်ကို လက်ထပ်ရန်အတွက် သူမရဲ့မ င်းမျိုးမင်းနွယ်ဖြစ်မှုကို စွန့်လွှတ်လိုက်တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိသူ မင်းသမီး မေကိုဟာ တော်ဝင်ထီးနန်းအခွင့်အရေးတွေထက် အချစ်က ပိုအရေးကြီးတယ်လို့ ခံယူထားသူတစ်ယောက်ဖြစ်ပြီး ဥပဒေလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် သူမရဲ့ ချစ်သူ ကိုင်ကိုမူရို (Kei  Komuro) ကို လက်ထပ်မှာ ဖြစ်ကြောင်း အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

မင်းသမီးတို့ စုံတွဲဟာ နောက်နှစ်မှာ လက်ထပ်ဖို့ စီစဉ်ထားကြပြီး ဂျပန်နိုင်ငံ ဥပဒေအရ တော်ဝင်မျိုးဆက်မှ အမျိုးသမီးများဟာ အရပ်သားတစ်ယောက်ကို လက်ထပ်မယ်ဆိုရင် သူတို့လည်း အရပ်သူများဖြစ်သွားကြပြီး တော်ဝင်မျိုးရိုးမှ ယောင်္ကျားလေးများကတော့ အရပ်သူကို လက်ထပ်လည်း တော်ဝင်ထီးနန်းအခွင့်အရေး မဆုံးရှုံးပါဘူး။ ဒီစည်းမျဉ်းဟာ ၁၉၄၇ ခုနှစ်ကတည်းက သတ်မှတ်ထားတဲ့ တော်ဝင်အိမ်ထောင်စုဆိုင်ရာ ဥပဒေတစ်ခုလည်း ဖြစ်ပြီး  လိင်အရ ခွဲခြားထားတဲ့ ဥပဒေတစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဂျပန်နိုင်ငံ ဥပဒေအရ ဧကရာဇ်ဘွဲ့ကို ယောင်္ကျားလေးများသာဆက်ခံနိုင်ပြီး မင်းသမီးမေကိုနဲ့ အသက်သူတူ တော်ဝင်မျိုးရိုးလည်း မကျန်တော့တဲ့အတွက် မင်းသမီး မေကိုအတွက် တော်ဝင်မျိုးရိုးဆက်ခံခွင့်ကို စွန့်လွှတ်လိုက်ရုံမှအပ တခြားရွေးစရာလည်း မရှိတော့ပါဘူး။ မင်းသမီးမေကိုဟာ အီဒင်ဘာဂ်ျတက္ကသိုလ် (Edinburgh)မှာ ကျောင်းသားဖလှယ်ခြင်းအစီအစဉ်နဲ့ ၉ လကြာ ကျောင်းတတ်ခဲ့သူဖြစ်ပြီး ယခုအချိန်မှာလည်း တိုကျိုပြတိုက်မှာ သုတေသနပညာရှင်အနေနဲ့  အလုပ်လုပ်ရင်း ပါရဂူဘွဲ့အတွက် ပညာသင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

ကိုင်ကိုမူရို ဟာ မင်းသမီးမေကိုကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ မေလက သူတို့နှစ်ယောက် လက်ထပ်ဖို့ စဉ်းစားနေကြောင်းပြောဆိုခဲ့ပြီး ယခုအချိန်မှာတော့ လက်ထပ်တော့မှာဖြစ်ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဂျပန် ဧကရာဇ် အာကီဟီတို ကတော့ တနင်္ဂနွေနေ့မှာ သူတို့နှစ်ယောက်ရဲ့ စေ့စပ်ခြင်းအခမ်းအနားကို ခွင့်ပြုပေးခဲ့ပြီး မင်းသမီးမေကိုကတော့ “ကျွန်မအနေနဲ့ ဧကရာဇ်နဲ့ တော်ဝင်မိသားစုဝင်တွေကို တတ်နိုင်သမျှ ကူညီခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျွန်မဘဝကို ဆက်လျှောက်လှမ်းရတော့မယ် ”လို့ သတင်းထောက်များကိုပြောဆိုခဲ့ပါတယ်။Ref :

Time News : Japan’s Princess Mako Gives Up her Royal Status to Marry a Commoner

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top