ပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်ဖို့ မိန်းမ ၅၃ ယောက် ယူခဲ့ပေမဲ့ ပျော်ရွှင်အေးချမ်းတဲ့ဘဝ မရသေးဘူးလို့ ဆို

9-19-2022-yyl-24.jpg

ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်ဖို့ ရည်ရွယ်ပြီး မိန်းမ တစ်ယောက်ပြီး တစ်ယောက် ယူခဲ့တဲ့ ဆော်ဒီအမျိုးသားဟာ မိန်းမ ၅၃ ယောက် ရပြီးတဲ့အထိ ပျော်ရွှင်အေးချမ်းမှု မရသေးဘူးလို့ ဆိုပါတယ်။ အဘူအဗ္ဗဒူလာဟာ အသက် ၂၀ အရွယ်မှာ သူ့ထက် အသက် ၆ နှစ်ကြီးတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်စကျခဲ့ပြီး သားသမီးထွန်းကားခဲ့ပေမဲ့ စိတ်ညစ်စရာတွေ ရှိလာတယ်ဆိုပြီး နောက် ၃ နှစ်အကြာမှာ နောက်အိမ်ထောင် ထပ်ပြုခဲ့တာပါ။ သူဟာ တတိယနဲ့ စတုတ္ထအိမ်ထောင်တွေ ပြုပြီးချိန်မှာ ပထမနဲ့ ဒုတိယဇနီးတွေကို ကွာရှင်းခဲ့ပါတယ်။ ဒီလိုနဲ့ ၂ ယောက်ကွာ၊ ၂ ယောက် ထပ်ယူလိုက်တာ အသက် ၆၅ နှစ်အရွယ်မှာတော့ မိန်းမ ၅၃ ယောက်အထိ ယူပြီးခဲ့တာပါ။

သူ့ဇနီးတွေထဲမှာ အိမ်ထောင်သက် အတိုဆုံးကတော့ တစ်ညပဲ ပေါင်းသင်းပြီး ကွာရှင်းခဲ့သူပါ။ အဗ္ဗဒူလာက သူ့ဇနီးအားလုံးကို ထုံးတမ်းစဉ်လာအတိုင်း လက်ထပ်ယူခဲ့တာလို့ ဆိုပါတယ်။ သူ့ဇနီးတွေထဲမှာ အများစုက ဆော်ဒီနိုင်ငံသူတွေဖြစ်ပေမဲ့ အလုပ်ကိစ္စကြောင့် လနဲ့ချီ ခရီးထွက်ချိန်မှာ နိုင်ငံခြားသူတစ်ယောက်ကိုလည်း အဗ္ဗဒူလာက ယူခဲ့ဖူးပါတယ်။

ဇနီး ၅၃ ယောက် ယူပြီးခဲ့ပေမဲ့ ပျော်ရွှင်တဲ့ဘဝ မရသေးဘူးဆိုတဲ့ အဗ္ဗဒူလာက နောက်ထပ်အိမ်ထောင်ပြုဖို့တော့ လောလောဆယ် အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်းက လူမှုကွန်ရက်မှာ လူပြောများခဲ့ပြီး တချို့သူတွေကတော့ ရာစုနှစ်ရဲ့အိမ်ထောင်ဆက်အများဆုံးအမျိုးသားလို့ မှတ်ချက်ပေးထားကြပါတယ်။

Ref: Man Who Married 53 Women in 43 Years “Was Looking for Stability”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top