အမေရိကန်မှာ အငှားယာဉ်မောင်းလုပ်နေရတဲ့ အာဖဂန်နစ္စတန် ဘဏ္ဍာရေးဝန်ကြီးဟောင်း

24-5-2022-yyl-11.jpg

သမ္မတ အက်ရှ်ရက်ဂါနီ လက်ထက်မှာ အာဖဂန်နစ္စတန်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ခါလစ်ပါယင်ဒါဟာ လက်ရှိအချိန်မှာတော့ အမေရိကန်မှာ အငှားယာဉ်မောင်းအဖြစ် အသက်မွေးနေပါတယ်။

ပါယင်ဒါဟာ ကဘူးလ်မြို့ကို တာလီဘန်တွေ မသိမ်းပိုက်ခင် တစ်ပတ်အလိုမှာ ဘဏ္ဍာရေးဝန်ကြီးအဖြစ်ကနေ နုတ်ထွက်ခဲ့ပြီး အမေရိကန်ကို ထွက်ပြေးလာခဲ့တာပါ။ တာလီဘန်တွေလက်ထဲ အာဖဂန်နစ္စတန်နိုင်ငံ ကျရောက်မှုမှာ အမေရိကန်အစိုးရလည်း တာဝန်မကင်းဘူးလို့ ဝါရှင်တန်ပို့စ်သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။

အခုချိန်မှာတော့ ပါယင်ဒါဟာ ဂျော့တောင်းတက္ကသိုလ်မှာ ပူးတွဲစာပို့ချသူအဖြစ် ဆောင်ရွက်နေပြီး မိသားစု စားဝတ်နေရေး အဆင်ပြေဖို့အတွက် Uber ကုမ္ပဏီမှာ အငှားကားမောင်းနေပါတယ်။

” ခက်ခဲကြမ်းတမ်းတဲ့ကာလကို ကျော်ဖြတ်နေရပေမဲ့ အဆုံးသတ်မှာတော့ ဘယ်လိုကျော်လွှားခဲ့သလဲဆိုတာပဲ အရေးကြီးပါတယ်။ ဝန်ကြီးပဲလုပ်လုပ်၊ ဒရိုင်ဘာပဲ လုပ်လုပ် ကျွန်တော့်အလုပ်အကိုင်က ကျွန်တော့်ဘဝကို အဓိပ္ပာယ် မဖွင့်ဆိုနိုင်ဘူး။ လောကဓံကပဲ ကျွန်တော့်ကို ပိုကောင်းတဲ့လူ၊ ပိုနိမ့်ချတဲ့လူမျိုး ဖြစ်လာစေပါလိမ့်မယ်။

ဘဝရဲ့အချိန်ကာလတွေက အမြဲရွေ့လျားပြောင်းလဲနေတာပါ။ အတိတ်ထဲမှာ ဆက်နေပြီး ညည်းတွားနေမလား၊ အနာဂတ်ခရီး ဆက်လျှောက်ပြီး ဘဝကို အသစ်ပြန်တည်ဆောက်မလားဆိုတာကတော့ ကိုယ့်ရဲ့ရွေးချယ်မှုပါပဲ” လို့ ပါယင်ဒါက ဆိုပါတယ်။

Ref: BBC ” From Afghanistan’s finance minister to cab driver in the US”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top