ပြည်နယ် (၄) ခုက စစ်ဘေးရှောင်ပြည်သူ (၃) သိန်းကျော်ကို ကုလသမဂ္ဂထောက်ပံ့ပေး

6VMTLIPDEJI2HMO7TLD3XF25EA.jpg

People displaced by fighting in north-western Myanmar between junta forces and anti-junta fighters walk in Chin State, Myanmar, May 31, 2021. REUTERS/Stringer

ရန်ကုန်၊ စက်တင်ဘာ (၂၉)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်၊ ရခိုင်နဲ့ ချင်းပြည်နယ်က စစ်ဘေးရှောင် (၃) သိန်းကျော်ကို ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က (WFP) ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ နှစ်လနီးပါးကြာမြင့်မှာသာ အခုလို စစ်ဘေးရှောင်ပြည်သူ ( ၃၆၀,၀၀၀) ကျော် ကို ပြန်လည်ထောက်ပံ့ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန္တလေးနဲ့ ရန်ကုန်တိုင်းဒေသကြီးက ထိခိုက်လွယ်မိသားစုတွေနေထိုင်နေတဲ့ မြို့နယ်တွေမှာလည်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က အစားအစာနဲ့ ငွေကြေးအကူအညီတွေ ပေးအပ်ခဲ့ပါသေးတယ်။

လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့တွေဟာ မြန်မာနိုင်ငံတဝှမ်းက ပဋိပက္ခနဲ့ ကိုဗစ်-၁၉ ရောဂါဒဏ်ခံစားရတဲ့ လူထုရဲ့ စားနပ်ရိက္ခာဖူလုံရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က သိရပါတယ်။

မြန်မာနိုင်ငံက လူဦးရေ စုစုပေါင်း (၃) သိန်းဝန်းကျင်ဟာ အကူအညီနဲ့ အကာကွယ်ပေးရေးအစီအစဉ်တွေ လိုအပ်နေတာဖြစ်တယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNHCR က ထုတ်ပြန်ထားပါသေးတယ်။

Photo- Reuters
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top