လုပ်ပွဲဗိုင်းရပ်စ် ကူးစက်ခံရဖွယ်ရှိနေတဲ့ လာလီဂါပြိုင်ပွဲ

61281626_2400236060007300_8211013322808492032_n.jpg

လာလီဂါနဲ့ ဆီဂန်ဒါပြိုင်ပွဲတွေမှာ လုပ်ပွဲသံသယရှိလို့ ရီးရဲလ်ကစားသမားဟောင်းတစ်ယောက်ကို ဖမ်းဆီးထားပါတယ်။ လုပ်ပွဲကစားတယ်လို့ သံသယရှိတဲ့ ပွဲစဉ် (၂) ပွဲကတော့ လာလီဂါရာသီသိမ်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဗယ်လာဒိုးလစ်-ဗလင်စီယာပွဲစဉ်နဲ့ ပြီးခဲ့တဲ့ရာသီက ကစားခဲ့တဲ့ ဟူစကာ-တာရာဂိုနာတို့ ပွဲစဉ်တွေ ဖြစ်ပါတယ်။

ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဂီတာဖေးအသင်းနဲ့ အပြိုင်ဖြစ်နေတဲ့ ဗလင်စီယာဟာ ရာသီသိမ်းပွဲစဉ်မှာ ဗယ်လာဒိုးလစ်ကို (၂) ဂိုးပြတ် အနိုင်ရခဲ့ပြီး ဂီတာဖေးကတော့ ဗီလာရီးရဲလ်အသင်းကို (၂) ဂိုးစီ သရေကျခဲ့ပါတယ်။ လောင်းကစားလုပ်ဖို့ရည်ရွယ်ပြီး လုပ်ပွဲကစားခိုင်းနေတယ်ဆိုတဲ့ ဒုစရိုက်ဂိုဏ်းကို ရီးရဲလ်နောက်ခံလူဟောင်း ရာအူးလ်ဘရာဗိုက ဦးဆောင်နေတယ်လို့ ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။

စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကစားသမားတွေထဲမှာ လိဒ်တိုက်စစ်မှူး ဆမ်မြူရယ်ဆိုင်ယက်ဇ်က ပါဝင်ပါတယ်။ ဆမ်မြူရယ်ဆိုင်ယက်ဇ်ဟာ ဂီတာဖေးအသင်းမှာ အငှားလာရောက်ကစားနေသူတွေပါ။ ဒါ့အပြင် ဒီပို့တီဗိုကစားသမားဟောင်း အင်နီဂိုလိုပက်ဇ်၊ ဗယ်လာဒိုးလစ်အသင်းမှာ ကစားသမားဘဝက အနားယူခဲ့ ဘော်ဂျာဖာနန်ဒက်ဇ်တို့လည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top