အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာ ဝုဗ်နဲ့ မန်ယူ တွေ့ဆုံ

aa3.jpg

ချဲလ်ဆီးအသင်းကို အနိုင်ယူပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့မန်ယူဟာ ဝုဗ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ကစားရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံမန်စီးတီးအသင်းကလည်း ဆွမ်ဆီးနဲ့ အဝေးကွင်းပွဲစဉ် ကစားရမှာဖြစ်ပြီး မီဝေါလ်ကတော့ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။

ကွာတားဖိုင်နယ် တခြားပွဲစဉ်တစ်ပွဲမှာတော့ ဝက်ဖို့ဒ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ တွေ့ဆုံနေပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မတ်လ (၁၅) ရက်နေ့ (၁၈) ရက်နေ့ကြား ကျင်းပသွားမှာဖြစ်ပြီး နိုင်ပွဲရတဲ့အသင်းတွေကို ဆုကြေးငွေ ပေါင် ၇၂၀၀၀၀ ချီးမြှင့်သွားမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top