နာမာဂိုမီဒေါ့ဗ်ရဲ့နာမည်နဲ့ စာသင်ကျောင်းဆောက်ပေးဖို့ ရုရှားသမ္မတ ပူတင် ငွေကြေးချပေး

64229320_2424184707612435_8691797317746950144_n.jpg

UFC ကမ္ဘာ့လိုက်ဝိတ်ချန်ပီယံ နာမာဂိုမီဒေါ့ဗ်ကို ဂုဏ်ပြုဖို့အတွက် ရုရှားနိုင်ငံ ဒါဂတ်စတန်ဒေသမှာ ပေါင် (၇) သန်းတန် စာသင်ကျောင်းတည်ဆောက်ရေး အဆိုပြုချက်ကို ရုရှားသမ္မတ ပူတင်က အတည်ပြုပေးခဲ့တယ်လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။ အသက် (၃၀) ရှိတဲ့ နာမာဂိုမီဒေါ့ဗ်ဟာ ပြီးခဲ့တဲ့နှစ်က သိုင်းပေါင်းစုံပြိုင်ပွဲမှာ မက်ဂရီဂေါ်ကို အနိုင်ရခဲ့သူဖြစ်ပြီး သိပ်မကြာသေးခင်မှာပဲ UFC နဲ့ တွဲဆိုင်းတော်တော်များများ ထိုးသတ်ဖို့ စာချုပ်သစ်ချုပ်ဆိုခဲ့သူပါ။

ပြီးခဲ့တဲ့နှစ်က ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံချိန်မှာ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဒါဂတ်စတန်ဒေသရဲ့ ပညာရေးစနစ်အတွက် ငွေကြေးထပ်မံသုံးစွဲဖို့ ရှိ၊ မရှိဆိုတာနဲ့ပတ်သက်ပြီး နာမာဂိုမီဒေါ့ဗ်က မေးမြန်းခဲ့ပါတယ်။ ”နာမာဂိုမီဒေါ့ဗ်က တောင်းဆိုမှုလုပ်ခဲ့ပြီးနောက် ဒါဂတ်စတန်ဒေသမှာ သူ့နာမည်နဲ့ စာသင်ကျောင်း တည်ဆောက်ဖို့အတွက် သမ္မတ ပူတင်က ရူဘယ်သန်း (၆၀၀) (ပေါင် ၇.၃ သန်း)ခွဲတမ်းချပေးဖို့ အမိန့်ဒီကရီကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီငွေကို ရည်ရွယ်ထားတဲ့အတိုင်း အသုံးပြုနိုင်ပြီး ပိုကောင်းတဲ့ ပညာသင်ကြားမှုတွေလုပ်နိုင်စေဖို့၊ ပိုကောင်းတဲ့ရလဒ်တွေ ထွက်ပေါ်လာစေဖို့ မျှော်လင့်ပါတယ်”လို့ နာမာဂိုမီဒေါ့ဗ်ရဲ့ဖခင် အဗ္ဗဒူမာနက်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top