ရာမို့စ်ရဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့လုပ်ရပ်ကြောင့် မိုရာတာ အံ့အားသင့်

62303334_2424184904279082_5117372701899489280_n.jpg

ဆွီဒင်ကို (၃) ဂိုးပြတ် အနိုင်ရခဲ့တဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲမှာ စပိန်အသင်းခေါင်းဆောင် ရာမို့စ်က အသင်းဖော် မိုရာတာကို အံ့အားသင့်အောင် လုပ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ပင်နယ်တီကတစ်ဆင့် စပိန်အတွက် အဖွင့်ဂိုးသွင်းပေးခဲ့တဲ့ ရာမို့စ်ဟာ ပွဲချိန် (၈၄) မိနစ်မှာ ပင်နယ်တီကန်ခွင့် ထပ်ရခဲ့ပါတယ်။ ဒါပေမဲ့ ရာမို့စ်က တိုက်စစ်မှူး မိုရာတာကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။ ရာမို့စ်က ဘောလုံးထိုးပေးချိန်မှာ မိုရာတာ အံ့အားသင့်သွားတာ တွေ့ရပါတယ်။

ချဲလ်ဆီးကနေ အက်သလက်တီကိုကို အငှားသွားကစားနေတဲ့ မိုရာတာဟာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသူပါ။ မိုရာတာ ယုံကြည်မှု မြင့်တက်လာစေဖို့ ရည်ရွယ်ပြီး ရာမို့စ်က ပင်နယ်တီပေးကန်ခဲ့တာပါ။

အဲဒီအတွက် ရာမို့စ်ကို ကျေးဇူးတင်တယ်လို့ မိုရာတာက ပြောပါတယ်။ ရာမို့စ်ဟာ လက်ရွေးစင်ကစားသမားဘဝမှာ နိုင်ပွဲအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသူပါ။ စပိန်လက်ရွေးစင်အသင်းအတွက် (၁၆၅) ပွဲ ကစားချိန်မှာ (၁၂၃) ပွဲအထိ အနိုင်ရခဲ့ပြီး ရီးရဲလ်ဂိုးသမားဟောင်း ကာဆီးလက်စ်ရဲ့စံချိန်ကို ချိုးနိုင်ခဲ့တာပါ။ စပိန်အသင်းကတော့ ယူရို-၂၀၂၀ အုပ်စုအဆင့် ခြေစစ်ပွဲတွေမှာ ပွဲတိုင်းနိုင်ထားပြီး အုပ်စု(F) မှာ ထိပ်ဆုံးနေရာ ရပ်တည်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top