တစ်ရာသီအတွင်း ပြောင်းရွှေ့ကြေးတန်ဖိုး ပေါင်သန်း (၉၀) ကျဆင်းသွားတဲ့ နေမာ

64603805_2424184547612451_1485802648530583552_n.jpg

ဒဏ်ရာပြဿနာတွေ၊ ခြေစွမ်းကျဆင်းမှုနဲ့ ကွင်းပြင်ပ ပြဿနာတွေကြောင့် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာရဲ့ ပြောင်းရွှေ့ကြေးက တစ်ရာသီအတွင်းမှာ ပေါင်သန်း (၉၀) ကျဆင်းသွားတယ်လို့ CIES Football Observatory က ပြောပါတယ်။ အသက် (၂၇) နှစ်ရှိတဲ့ နေမာဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၈) သန်းနဲ့ပြောင်းရွှေ့ခဲ့သူပါ။

ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအတွက် လီဂူး-၁ ပွဲစဉ် (၁၅) ပွဲပဲ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ နေမာဟာ အခုနောက်ဆုံး ခြေကျင်းဝတ်အရွတ် စုတ်ပြဲဒဏ်ရာကြောင့် ကိုပါအမေရိကပြိုင်ပွဲကို လွဲချော်ရတော့မှာပါ။ နေမာဟာ ပြီးခဲ့တဲ့လအတွင်းက ပဲရစ်မြို့ ဟိုတယ်မှာ အမျိုးသမီးတစ်ယောက်ကို မုဒိန်းကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုကို ဖြေရှင်းဖို့ကြိုးစားနေရပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း နေမာရဲ့အပြုအမူတွေကလည်း ပြောင်းရွှေ့ကြေးတန်ဖိုးကို ကျဆင်းစေခဲ့တယ်လို့ ဆိုပါတယ်။ ရန်းနက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ ဖလားပွဲစဉ်မှာ ပရိသတ်တစ်ယောက်ကို ထိုးကြိတ်ခဲ့လို့ (၃) ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး တိုက်စစ်အတွဲအဖက်ဖြစ်တဲ့ အမ်ဘာပေအပါအဝင် အသင်းဖော်တွေနဲ့လည်း ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကြောင့် လက်ရှိအချိန်မှာ နေမာရဲ့ပြောင်းရွှေ့ကြေးတန်ဖိုးက ပေါင် (၁၀၇) သန်းနဲ့ ပေါင် (၁၃၄) သန်းကြားပဲ ရှိလိမ့်မယ်လို့ CIES Football Observatory က ခန့်မှန်းထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top