Covid-19 ကြောင့် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို ရွှေ့ဆိုင်း

18-3-2020-yyl-021.jpg

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကြောင့် ပြင်သစ်အိုးပင်းပြိုင်ပွဲ ကျင်းပမယ့်ကာလကို ရွှေ့ဆိုင်းလိုက်ပါပြီ။ ပြင်သစ်အိုးပင်းပြိုင်ပွဲကို မေလ ၂၄ ရက်ကနေ ဇွန်လ ၇ ရက်အထိ ရိုလန်းဂါရို့စ်မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ အခုအခါမှာတော့ စက်တင်ဘာလ ၂၀ ရက်ကနေ အောက်တိုဘာလ ၄ ရက်ကြားကာလအတွင်း ပြောင်းလဲကျင်းပသွားမှာဖြစ်ပါတယ်။ ပြောင်းလဲသတ်မှတ်လိုက်တဲ့ကာလအရ နယူးယော့ခ်မြို့မှာ ကျင်းပမယ့် ယူအက်စ်အိုးပင်းပြိုင်ပွဲအပြီး တစ်ပတ်အကြာမှာ ပြင်သစ်အိုးပင်းပြိုင်ပွဲ ကျင်းပမှာပါ။ ကမ္ဘာတစ်ဝန်းက ပရော်ဖက်ရှင်နယ်တင်းနစ်ပြိုင်ပွဲအားလုံးကို အနည်းဆုံး ဧပြီလ ၂၀ ရက်အထိ ဆိုင်းငံ့ထားပါတယ်။

ပုံမှန်အားဖြင့်တော့ ပြင်သစ်အိုးပင်းပြိုင်ပွဲဟာ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ဒုတိယမြောက် ဂရန်းစလင်းပြိုင်ပွဲဖြစ်ပြီး သြစတြေးလျအိုးပင်းပြိုင်ပွဲပြီးရင် ကျင်းပလေ့ရှိပါတယ်။ ဒါပေမဲ့ ပြောင်းလဲသတ်မှတ်လိုက်တဲ့ ကာလအရ အခုပြက္ခဒိန်နှစ်ရဲ့ နောက်ဆုံးတင်းနစ်ပြိုင်ပွဲကြီး ဖြစ်လာခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top