Ballon d”Or ဆုကို မက်ဆီပဲ ဆွတ်ခူးလိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ အမ်ဘာပေ

yyl-008-12.jpg

၂၀၁၉ ခုနှစ် Ballon d’Or ဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီပဲ ဆွတ်ခူးလိမ့်မယ်လို့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေက ခန့်မှန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၂ လအတွင်း မက်ဆီရဲ့ စွမ်းဆောင်မှုတွေက တခြားကစားသမားတွေကို ခေါင်းတစ်လုံးသာနေတယ်လို့ အမ်ဘာပေက ယုံကြည်နေပါတယ်။ Ballon d’Or ဆုကို ဘယ်သူရမယ်ထင်လဲလို့ ဂျာမနီမဂ္ဂဇင်းက မေးမြန်းရာမှာ အမ်ဘာပေက ”မက်ဆီပဲ ရမှာပါ။ ဒီနှစ်မှာတော့ သူ အကောင်းဆုံးပါပဲ”လို့ ဖြေခဲ့ပါတယ်။

လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး ဟော်လန်အသင်းကို UEFA Nations League ဗိုလ်လုပွဲ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ နောက်ခံလူ ဗန်ဒိုက်ဂျ်ကလည်း Ballon d’Or ဆုအတွက် ရေပန်းစားနေပါတယ်။ ဗန်ဒိုက်ဂျ်က ၂၀၁၉ ခုနှစ်အတွက် ဥရောပတစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ရရှိထားပြီး မက်ဆီကတော့ ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ Ballon d’Or ဆုပေးပွဲကို ဒီဇင်ဘာလ ၂ ရက်နေ့ကျရင် ပါရီမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ Ballon d’Or ဆုအတွက် ပမာဏ ကစားသမား(၃၀)စာရင်းမှာ ပရီးမီးယားလိဂ်ကစားသမား၁၅ ယောက်အထိ ပါဝင်နေပြီး အမ်ဘာပေလည်း ပမာဏစာရင်းမှာ ပါဝင်နေပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top