ကိုပါလီဘာတေးဒိုးချန်ပီယံ ဖလာမင်ဂိုအသင်းရဲ့ အောင်ပွဲခံမှုမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွား

yyl-007-11.jpg

ကိုပါလီဘာတေးဒိုးချန်ပီယံ ဖလာမင်ဂိုအသင်းရဲ့ အောင်ပွဲခံမှုမှာ အသင်းပရိသတ်တွေနဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဖလာမင်ဂိုအသင်းက ရီယိုဒီဂျနေးရိုးမြို့ အတွင်း လှည့်လည်အောင်ပွဲခံခဲ့ပါတယ်။ အောင်ပွဲခံအခမ်းအနားမှာ ဖလာမင်ဂိုအသင်း ပရိသတ်သောင်းချီ ပါဝင်ခဲ့ကြပါတယ်။ မိသားစုတွေ၊ ကလေးငယ်တွေအပါအဝင်ပရိသတ် လူအုပ်ကြီးက အလံတွေဝှေ့ယမ်းပြီး မီးရှူးမီးပန်းတွေ ပစ်ဖောက်ရင်း ငြိမ်းငြိမ်းချမ်းချမ်း အောင်ပွဲခံခဲ့ကြပါတယ်။

ဒါပေမဲ့ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်မှာတော့ လူအုပ်ထဲကနေ မီးခိုးတွေထွက်လာပြီး လူစုကွဲသွားပါတယ်။ အဲဒီနောက်မှာတော့ ဖလာမင်ဂိုအသင်း ပရိသတ်တွေက ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေ၊ ဘီယာပုလင်းတွေ၊ တခြားအရာဝတ္တုတွေနဲ့ ပစ်ပေါက်ခဲ့လို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ရုန်းရင်းဆန်ခတ်မှုကို ဖြေရှင်းဖို့ ကြိုးစားရင်း အဓိကရုဏ်း နှိမ်နင်းရေးကားတစ်စီးက ရဲတပ်ဖွဲ့ဝင်တစ်ယောက်ကို တက်ကြိတ်မိသလို ဖြစ်ခဲ့တယ်လို့ ဘရာဇီးဂျာနယ်လစ်တစ်ဦးက ပြောပါတယ်။ ဖလာမင်ဂိုအသင်းဟာ အာဂျင်တီးနားကလပ် ရေးဗားပလိတ်ကို အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ဖလာမင်ဂိုအသင်းရဲ့ ဘရာဇီးပြိုင်ဘက်တွေက ကိုပါလီဘာတေးဒိုးဖလားကို ၅ ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ပေမဲ့ ဖလာမင်ဂိုအသင်းကတော့ ကိုပါလီဘာတေးဒိုးဖလား မရတာ ၃၈ နှစ်ကြာပါပြီ။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top