ရယ်အားထက် ငိုအားသန်ဖြစ်ရပ်ကြောင့် ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကာကွယ်ပွဲ ပျက်ခဲ့ရ

yyl-003-10.jpg

လက်ဝှေ့လောကရဲ့ ချန်ပီယံခါးပတ်လုပွဲတွေမှာ စောစောစီးစီး ပွဲသိမ်းသွားတဲ့ လက်ဝှေ့ပွဲတွေ တော်တော်များများ ရှိပါတယ်။ ဒီဖြစ်ရပ်ကတော့ ပွဲမစခင် ပွဲသိမ်းလိုက်ရတဲ့အဖြစ်ပါပဲ။ တောင်အာဖရိက ဟဲဗီးဝိတ်ချန်ပီယံ ရူအန်ဗစ်ဆာနဲ့ စိန်ခေါ်သူ တီယန်ဖစ်တို့ရဲ့ပွဲစဉ်ကို ကိတ်တောင်းမြို့မှာ စီစဉ်ခဲ့ပါတယ်။ ပွဲမတိုင်ခင် လက်ဝှေ့သမားတွေ လုပ်နေကြပုံစံအတိုင်း ရူအန်ဗစ်ဆာက ကြိုးတန်းကို ကျောနဲ့မီပြီး အကြောလျှော့ပါတယ်။

အဲဒီကနေ ကြိုးဝိုင်းရဲ့ တခြားဘက်ကိုသွားပြီး ကြိုးတန်းကို မီချိန်မှာ ကြိုးပြတ်သွားလို့ ရူအန်ဗစ်ဆာလည်း မြေကြီးပေါ် ပြုတ်ကျခဲ့ပါတယ်။ အရပ် ၆ ပေ ၉ လက်မရှိတဲ့ ရူအန်ဗစ်ဆာဟာ လူထွားဘုရင်လို့ ချစ်စနိုးနဲ့ ခေါ်ဝေါ်ခံရသူပါ။ ကြိုးဝိုင်းပေါ်ကနေ ပြုတ်ကျခဲ့တဲ့ ရူအန်ဗစ်ဆာကို ဆရာဝန်တွေက ဆေးစစ်ခဲ့ပြီးနောက်မှာ ပွဲကိုဖျက်သိမ်းခဲ့တယ်လို့ တောင်အာဖရိကဂျာနယ်လစ် ကီဝစ်ဇ်က တွစ်တာပေါ်မှာ ရေးသားထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top