အလုပ်ကို (၆) မိုင်ခရီးလမ်းလျှောက်ပြီးသွားရသူအမျိုးသမီး ကားအသစ်တစ်စီးဆုချခံရ

Walmart-new-car-1-ht-ps-190522_hpMain_4x3_992.jpg

ဘယ်လိုအလုပ်ပဲလုပ်ရပါစေ အလုပ်ကိုချစ်တယ် သစ္စာရှိတယ်ဆိုရင် ရာထူးတက်တာ၊ လစာတိုးတာ စတဲ့ ဆုတွေရတတ်ကြပါတယ်။ အခုလည်း ငွေစာရင်းကိုင်တစ်ဦးဖြစ်တဲ့ အနီတာ ဆင်ဂလီတန် (Anita Singleton) ဟာ သူ့ရဲ့အလုပ်ကြိုးစားမှုကြောင့် ကားတစ်စီးကို ဆုချခံခဲ့ရပါတယ်။ သူက အမေရိကန်နိုင်ငံ လူးဝစ်ဆီယာနာ (Lousiana) ပြည်နယ်က ဝေါလ်မတ် (Walmart) စတိုးတစ်ခုမှာ အလုပ်လုပ်နေသူပါ။

တစ်နေ့တော့ (၅၂) နှစ် အရွယ် ဆင်ဂလီတန်က မနက်စောစောစီးစီး (၅) နာရီခွဲဝန်းကျင်လောက်မှာ အလုပ်ကို လမ်းလျှောက်သွားနေတုန်း ကင်းလှည့်ရဲ ဘရန် ပက်ခ် (Brad Peck) နဲ့ တွေ့ခဲ့ပါတယ်။ အသက် (၂၈) နှစ်ရွယ် ကင်းလှည့်ရဲ ပက်ဟာ အဝေးပြေးကားလမ်းမှာ ကားမောင်းနေတုန်း တစ်ဖက်က လာနေတဲ့ ကားတွေ အားလုံးနှေးနေတာကို သတိထားမိခဲ့တာပေါ့။ ဒီတော့ သူက ဘာဖြစ်နေတာလဲ ဆိုတာကို သိရဖို့ သွားကြည့်ခဲ့ပါတယ်။

ပတ်ခ်က ကားတွေ နှေးနေပြီး လမ်းပိတ်ရတာက အမျိုးသမီးတစ်ဦးကို ရှောင်နေကြလို့ ဖြစ်တယ်ဆိုတာကို သိသွားခဲ့ပါတယ်။ သူက အမျိုးသမီးကို ဝေါလ်မတ် ဝတ်စုံဝတ်ထားတာ သတိထားမိတော့ အလုပ်ကို ပို့ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဆင်ဂလီတန်က ပက်ခ်ကို ကား ရှားတဲ့ အတွက်ကြောင့် တစ်ပတ်မှာ အနည်းဆုံး (၁) ရက်ကတော့ အလုပ်ကို (၆) မိုင်ကြာ လမ်းလျှောက်သွားရတယ်လို့ ကားပေါ်မှာ ပြောပြခဲ့ပါတယ်။

ကင်းလှည့်ရဲ ပက်ခ်က အိမ်ပြန်ရောက်တော့ ဆင်ဂလီတန်အကြောင်းကို ဖေ့စ်ဘုတ်မှာ ရေးတင်ခဲ့ပြီး အဲဒါကို သတင်းဌာနတစ်ခုက တွေ့ပြီး ပြန်ရေးခဲ့ပါတယ်။ မတ် ဘိုဝါ (Matt Bowers) က ဆင်ဂလီတန် အကြောင်းကို ဖတ်ရတဲ့အခါ ကားတစ်စီး ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆင်ဂလီတန်ဟာ ကားနှစ်စီးထဲက စိတ်ကြိုက်တစ်စီးကို ယူနိုင်တယ်လို့ ပြောတဲ့အတွက် “White Captiva” လို့ ခေါ်တဲ့ အဖြူရောင်ကားကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

Ref: ABC News “Louisiana Walmart cashier who walks 6 miles to work surprised with brand new car”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top