မန်စီးတီးတိုက်စစ်မှုး ဂျီဆပ် ဒူးဒဏ်ရာကြောင့် ကာလအတန်ကြာနားရမည်

pri_64268287.jpg

မန်စီးတီးအသင်းဆရာဝန်များက တိုက်စစ်မှုးဂျီဆပ် မှာ ဒူးဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ပြီးနောက် တိုက်စစ်မှုး ဂျီဆပ် မှာ အချိန်ဘယ်လောက်နားရမည် ဆိုသည့်အချက်ကို စောင့်ဆိုင်းရမည်ဖြစ်သည်။

ဂျီဆပ်သည် ခရစ္စတယ်ပဲ့လေစ့်နှင့် သရေကျခဲ့သည့်ပွဲတွင် ဒဏ်ရာရသွားခဲ့သောကြောင့် ကွင်းအတွင်းမှ မျက်ရည်စက်လက်နှင့်ထွက်ခဲ့ရသည်။ ခရစ္စတယ်ပဲ့လေစ့် နှင့်ပွဲတွင် ဂျီဆပ် အပြင် ကွင်းလယ်လူ ဒီဘရိုင်းလည်း ဒဏ်ရာရသွားခဲ့ခြင်းကြောင့် မန်စီးတီးအသင်းမှာ လက်ရှိအချိန်တွင် ကွင်းလယ်လူ ဒီဘရိုင်း ဘယ်လောက်အနားယူရမည်ဆိုသည့် အဖြေကိုစောင့်ဆိုင်းနေရကြောင်းသိရသည်။

မန်စီးတီးအသင်းက “ ဂျီဆပ်ဟာ တနင်္ဂနွေ့နေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲ့လေစ့်ပွဲမှာ ဒဏ်ရာရသွားခဲ့တယ်။ သူရဲ့ ဒဏ်ရာကို လာမယ့် ရက်ပိုင်းအတွင်းအသေးစိတ်စမ်းသပ်မှုတွေလုပ်ရမယ်။ အဲဒီအချိန်ရောက်မှ ဘယ်လောက် အနားယူရမယ်ဆိုတဲ့အချက်ကို သိရမယ်။ ဂျီဆပ်ကို ဒဏ်ရာကနေ အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ ဆန္ဒပြုပါတယ်။” ဟု သတင်းထုတ်ပြန်ခဲ့သည်။ တိုက်စစ်မှုး ဂျီဆပ် နှင့် ဒီဘရိုင်းတို့ ဒဏ်ရာရသွားခဲ့ခြင်းမှာ ပရီးမီယားလိဂ် ပြိုင်ပွဲမှာ အမှတ်ကွာဟမှုကို ခိုင်မာမှုရှိအောင် လုပ်ဆောင်နေသည့် မန်စီးတီးအတွက်ထိုးနှက်ချက်ဖြစ်လာစေခဲ့သည်။ မန်စီးတီးအသင်းသည် ခရစ္စတယ်ပဲ့လေစ့်နှင့်သရေကျခဲ့ပြီးနောက် ပရီးမီယားလိဂ် အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယနေရာမှာရှိနေသည့် အသင်းကို ၁၂ မှတ်ဖြတ်ထားနိုင်ကြောင်းသိရသည်။

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top