တိုက်စစ်မှုး ဆန်းချက်ဇ်ကိုဆုံးရှုံးရမှာကို မစိုးရိမ်လို့ နည်းပြဝင်းဂါးပြော

9476a0660e7546a3bdc4102c2ef73f9c.jpg

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဇန်နဝါရီ အပြောင်းအရွေ့ကာလအတွင်းမှာ အသင်း တိုက်စစ်မှုး ဆန်းချက်ဇ်ကို ဆုံးရှုံးရမှာ စိုးရိမ်ကြောက်ရွံမှုမရှိဘူးလို့ပြောလိုက်ပါတယ်။

ချီလီတိုက်စစ်မှုး ဟာ ရာသီကုန်ချိန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဆန်းချက်ဇ် ဟာလာမယ့်လမှာ ဖွင့်လှစ်ဖွယ်အပြောင်းအရွေကာလအတွင်း အဓိကလှုပ်ခတ်မှုတွေဖြစ်လာနိုင်ပေမဲ့ စိုးရိမ်မှုမရှိဘူးလို့ အာဆင်နယ်နည်းပြက ဆိုထားပါတယ်။ ဆန်းချက်ဇ်ရဲ့ စာချုပ်အခြေနေကြောင့် အပြောင်းရွေကာလအတွင်းမှာ ဆန်းချက်ဇ် အပြောင်းအရွေ့လှုပ်ခတ်မှုတွေရှိလာနိုင်ပေမဲ့ ဆုံးရှုံးမှာကို မစိုးရိမ်ဘူးလို့ အာဆင်နယ်နည်းပြကပြောပါတယ်။ ဆန်းချက်ဇ်ဟာ အာဆင်နယ်က ပဲလေစ့်ကို ၃ ဂိုး ၂ ဂိုးအနိုင်ရတဲ့ပွဲမှာ အာဆင်နယ်အတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပဲလေစ့်ကိုအနိုင်ရမှု နဲ့ ပတ်သက်လို့ နည်းပြဝင်းဂါးက ဒုတိယပိုင်းဟာ ပထမပိုင်းထက် ခက်ခဲမှုတွေရှိခဲ့ပေမဲ့ ဂိုးသွင်းနိုင်ခဲ့တယ်လို့ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ပွဲပြီးဆုံးချိန်မှာ ဘယ်လိုမျိုးတွေကြုံရင်ဆိုင်ခဲ့ရပေမယ့် နိုင်ပွဲကိုတော့ရလိုတယ်လို့ နည်းပြဝင်းဂါးကပြောခဲ့ပါတယ်။ ပဲလေစ့်နဲ့ ကစားရတဲ့ပွဲဟာ လိဂ်ပြိုင်ပွဲမှာ ခက်ခဲတဲ့ပွဲစဉ်ဖြစ်ခဲ့တယ်လို့ နည်းပြ ဝင်းဂါးကပြောခဲ့ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Football : Wenger ‘not fearful’ of losing Sanchez

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top