အလှအပအတွက် ဘက်စုံအသုံးဝင်တဲ့  ပူစီနံရွက်

picking-up-a-mint-leaf-PTZ7WKN.jpg

ကျွန်မတို့အားလုံး နေ့ရက်တိုင်း လှပနေဖို့ ဆန္ဒရှိကြပါတယ်။ အလုပ်ပိတာနဲ့ အိပ်ယာဝင် နောက်ကျတာတွေက အသားအရေကို မထိခိုက်ဘူးလို့ ထင်ရပေမယ့် ဒီနေ့ ပင်ပန်းပြီး နောက်နေ့မနက်တွေဆို အမဲစက်တွေ၊ အညိုကွက်တွေက သိသိသာသာပေါ်လာပါတော့တယ်။

ဒီအရာတွေက သင့်ကို ရှိရင်းစွဲ အသက်ထက် (၅) နှစ်လောက် ပိုကြီးသွားသယောင် ထင်ရစေလို့ ဘယ်လိုနည်းလမ်းတွေနဲ့ ပျောက်အောင်လုပ်ပြီး နေ့ရက်တိုင်း ကြည်လင် တောက်ပနေစေမယ့် အသားအရေကို ဘယ်လို ဖန်တီးရယူနိုင်မလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်။

ပူစီနံ mask

ပူစီနံရွက်ဟာ သွေးလည်ပတ်မှုကို အားကောင်းစေပြီး ပျက်စီးသွားတဲ့အသားအရေကို ပြန်လည်နုပျိုကြည်လင်စေပါတယ်။ အမ်တီ-အောက်ဆီဒန့် (anti-oxidant) ပါဝင်မှုများတဲ့ အရွက်တစ်မျိုးလည်း ဖြစ်ပါတယ်။ ပူစံနံအရွက်ကိုချေထောင်းပြီး မျက်လုံးအောက်နားတစ်ဝိုက်မှာ mask အနေနဲ့ အသုံးပြုပေးနိုင်ပါတယ်။

ပူစီနံ၊ ခရမ်းချဉ်သီးနဲ့ သံပရာရည်

ပူစီနံ၊ ခရမ်းချဉ်သီးနဲ့ သံပရာရည်တို့ကို သမအောင်မွှေပြီး မျက်နှာပေါ် သုတ်လိမ်းပေးပါ။ တင်းတိပ်တွေကို သက်သာစေပြီး ဝက်ခြံဖုတွေကိုတောင် တဖြည်းဖြည်းချင်း လျော့ပါးလာစေပါတယ်။

ပူစီနံနဲ့ အာလူးရည်

အခုပြောပြပေးမယ့် အရောအစပ်တွေအတွက် ပူစီနံက မပါမဖြစ်ပါ။ အာလူးနဲ့ ပူစီနံကိုဖျော်စက်ထဲမှာ ရောကြိတ်ပြီး မျက်နှာပေါ် (၁၅) မိနစ်လောက် လိမ်းထားလိုက်ပါ။

ပူစီနံနဲ့ နှင်းဆီရည်

ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့ နင်းဆီရည် (rose water) ကို ပူစံနံဖျော်ရည်နဲ့ ရောစပ်လိုက်ပါ။ ရလာတဲ့ အရောအနှောကို မျက်နာပေါ် တညလုံး လိမ်းခြယ်ထားပြီး နောက်နေ့မနက်မှ ရေဆေးချလိုက်ပါ။ အသားအရေ ပြန်လည်ကောင်းမွန်ပြီး တောက်ပလာတာကို တွေ့ရပါလိမ့်မယ်။

ပူစီနံနဲ့ နနွင်းမှုန့်

ပူစီနံနဲ့ နနွင်းမှုန့်တို့ကို ဖျော်စက်ထဲထည့်ပြီး ရောမွှေပါ။ နနွင်းမှုန့်မှာ အသားအရေကို အရောင်တောက်စေတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ ပုံမှန် ပြုလုပ်ပေးမယ်ဆို နဂိုထက် ပိုပြီးတောက်ပတဲ့ အသားအရောင်မျိုးကိုတောင် ပြောင်းလဲသွားနိုင်ပါတယ်။

ပူစီနံနဲ့ ရေခဲ

အလွယ်ကူဆုံး နည်းလမ်းပါပဲ။ ရေထဲကို ပူစီနံရွက်တွေ ထည့်ပြီး ရေခဲပြုလုပ်ပါ။ ရလာတဲ့ ရေခဲနဲ့ မနက်တိုင်း မျက်နှာကို ပွတ်လိမ်းပေးပါ။ ချွေးပေါက်ကျဉ်းပြီး အသားအရေကောင်းမွန်လာတာကို တွေ့ရပါလိမ့်မယ်။

Ref: Bushy babe “Mint leaves to reduce dark circles”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top