သင်ဘာကြောင့် ဝနေရတာလဲ

man-eating-a-big-hamburger-PX6EA9K.jpg

ဒီနေ့ခေတ်မှာ လူတော်တော်များများပဲ အဝလွန်တဲ့ပြဿနာကို ကြုံတွေ့နေရပါတယ်။ ခန္ဓာကိုယ် အလေးချိန် တက်လာခြင်း တစ်နည်းအားဖြင့် ဝလာခြင်းရဲ့ အဓိက အကြောင်းအရင်းများစွာ ရှိပါတယ်။ နေ့စဉ် စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံတွေက ခန္ဓာကိုယ် အလေးချိန်ကို ပြောင်းလဲစေနိင်ပါတယ်။

အခုဖော်ပြမယ့် အကြောင်းအရာလေးကတော့ အဓိက ဝလာစေတဲ့ အချက်လေးများနဲ့ ခန္ဓာကိုယ် အလေးချိန် လျော့ကျစေဖို့ အကောင်းဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အလွန်အကျွံ အိပ်စက်တာက ဝစေနိင်တဲ့အပြင် လုံလောက်တဲ့ အိပ်စက်ခြင်းကို မရရှိခြင်းကလည်း ခန္ဓာကိုယ် အလေးချိန်ကို တိုးစေနိုင်တဲ့ ကော်တီဆိုးဟော်မုန်း (Cortisol) ပမာဏကို တိုးစေနိုင်ပြီး သင့်ကို ဝစေနိုင်ပါတယ်။ အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေမယ့် မအိပ်မီ မိုဘိုင်းဖုန်း အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပြီး သင့်ရဲ့အိပ်စက်ခြင်းကို နှောက်ယှက်နိုင်မယ့် မီးတွေကိုလည်း ပိတ်ပြီးမှသာ အိပ်စက်သင့်ပါတယ်။ ဒီအတွက်ကြောင့် ပုံမှန် အိပ်စက်ချိန်တစ်ခု သတ်မှတ်ပြီး အိပ်စက် အနားယူသင့်ပါတယ်။

လူအတော်များများက မနက်မိုးလင်းရင် မနက်စာကို စားဖို့ မေ့ထားကြပြီး နေ့လယ်စာမှသာ ပေါင်းပြီးစားတတ်ကြပါတယ်။ ဒါက သင့်ကို ဝစေနိုင်တဲ့ အဓိက အကြောင်းအရင်း တစ်ချက် ဖြစ်ပါတယ်။ တစ်နေ့တာ ရုန်းကန်လှုပ်ရှားဖို့အတွက် အရေးကြီးဆုံးက မနက်စာပဲ ဖြစ်ပါတယ်။

အစားအသောက်တွေ စားသောက်ရာမှာလည်း မဝစေဖို့ဆိုပြီး ထမင်းတစ်နပ် လျော့စားစရာ မလိုအပ်ပါဘူး။ ဒါ့အပြင် ဗိုက်ဘယ်လောက်ဆာဆာ အစာအိမ်ထဲမှာ နေရာလွတ်မရှိအောင် စားသောက်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဂျပန်နိုင်ငံက ခန္ဓာကိုယ် အလေးချိန် လျော့ချနေသူများကတော့ အစားအသောက်များ စားသုံးရာမှာ မနည်းမများ ပမာဏကို ပန်းကန်အသေးနဲ့ စားသုံးကြပါတယ်။ ပန်းကန် အသေးနဲ့ စားသုံးတဲ့အတွက်ကြောင့် ပမာဏများများ ပါရှိတယ်လို့ ထင်မြင်ယူဆမိအောင် အခုလို စားသုံးကြခြင်း ဖြစ်ပါတယ်။

သင်က တစ်နေကုန် အလုပ်စားပွဲမှာ ညောင်းညာ ကိုက်ခဲတဲ့အထိ ထိုင်ပြီး လုပ်နေရတာလား? လှုပ်ရှားမှုမရှိဘဲ အထိုင်များခြင်းက သွေးကြောလည်ပတ်မှုကို နှောင့်နေးစေပြီး ဝလာစေနိင်တဲ့အပြင် နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေ၊ ဆီးချိုရောဂါတွေလည်း ဖြစ်စေနိင်ပါတယ်။ တကယ်လို့ အလုပ်မှာ လှုပ်ရှားမှုမရှိဘဲ လုပ်ကိုင်နေရတယ်ဆိုရင် အိမ်ပြန်ရောက်တဲ့အခါ အိပ်ထမတင် စတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို ပုံမှန် ပြုလုပ်သင့်ပါတယ်။ မနက်ပိုင်း အိပ်ရာက စောစောလေးထပြီး မိနစ် ၃၀လောက် လမ်းလျှောက်ပေးခြင်းကလည်း သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေပြီး သင့်ကို ပေါ့ပါး သွက်လက်လာစေမှာပါ။

ဇီးရိုးကယ်လ်လိုရီ (Zero Calorie) လို့ရေးထားတဲ့ အချိုရည်များ၊ ဆိုဒါ ဘိလပ်ရည်တွေကို နေ့တိုင်း ပုံမှန်သောက်မိနေတာက သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန် တိုးတက်စေနိုင်တဲ့ ဟော်မုန်းဓာတ်ကို အားပေးရာရောက်တဲ့အတွက် ဗိုက်ပူလာခြင်း၊ ဝလာခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

သင်က တကယ်လို့ ခန္ဓာကိုယ် အလေးချိန် လျော့ချနေတာဆိုရင်တော့ ပေါင်ချိန်စက် တစ်လုံးကို ကိုယ်ပိုင် ဝယ်ထားပြီး အိမ်မှာထားရှိသင့်ပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန်ကို အချိန်ကာလတစ်ခု ပုံမှန်ထားပြီး ပုံမှန်ချိန်ပေးသင့်ပါတယ်။ ဒါမှသာ သင်ဘယ်လောက် အလေးချိန် တိုးလာသလဲ ဘယ်လောက် အလေးချိန် လျော့ကျသွားသလဲဆိုတာ သိရှိနိုင်မှာ ဖြစ်ပါတယ်။

Ref: Wittyfeed “10 common reasons responsiblefor weight gain”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top