mmlanguage.jpg

ကွက်လပ်ဖြည့်ရင်း စကားပုံတွေအကြောင်းလေ့လာရအောင်

ရိုးရာလေးရဲ့ “မြန်မာစာ မြန်မာစကားကဏ္ဍ” မှာ ဒီတစ်ပတ် ဖော်ပြပေးမှာကတော့ မြန်မာစကားပုံတွေအကြောင်းပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေကလည်း မြန်မာစကားပုံတွေအကြောင်းရှင်းလင်းချက်တွေကို တင်ဆက်ခဲ့ဖူးတာကြောင့် အခုတင်ဆက်မှုကို မတူညီတဲ့ပုံစံတစ်မျိုးဖန်တီးတင်ဆက်ထားပါတယ်။ ဉာဏ်စမ်းဖြေရင်းလေ့လာရမှာဖြစ်လို့ စာဖတ်ပရိတ်သတ်တွေအတွက် ပျင်းစရာလည်း ဖြစ်မနေစေတော့ပါဘူး။ ကွက်လပ်တွေကို စဉ်းစားဖြေဆိုကြည့်ရင်း စကားပုံနဲ့ပတ်သက်တဲ့အသိတွေ တိုးတက်နိုင်ကြပါစေ။…

31.8.2019.jpg

ဓလေ့သုံးစကားနှင့် ဥပစာစကားများ

မြန်မာဘာသာစကားနယ်ပယ်မှာ စကားလုံးတွေကို ရှိရင်းစွဲတိုက်ရိုက်အဓိပ္ပာယ်အတိုင်းသုံးစွဲတာမျိုးမဟုတ်ဘဲ အဓိပ္ပာယ်ပွားသုံးတဲ့၊ သုံးစွဲပုံရွှေ့လိုက်တဲ့၊ ထူးထူးခြားခြားသုံးစွဲတဲ့ “ဓလေ့သုံးစကား” တွေရှိနေသလို စကားပြောဆိုတာနဲ့ စာရေးသားရာမှာ အနက်အဓိပ္ပာယ်ထင်ရှားစေဖို့ ဝေါဟာရပြောရိုးအမှန်နဲ့မပြောဘဲ တခြားပုံစံနဲ့ ပြောဆိုရေးသားတဲ့ “ဥပစာစကား” တွေလည်းရှိနေပါတယ်။ လူမျိုးတိုင်းရဲ့ဘာသာစကားနယ်ပယ်မှာ ဓလေ့သုံးစကားနဲ့ ဥပစာစကားတွေရှိနေပြီး သုံးစွဲသူလူမျိုးရဲ့…

24.jpg

ဘယ်စာလုံးပေါင်းသတ်ပုံက ‘အမှန်’ ဖြစ်မလဲ

ဒီနေ့ကတော့ စာဖတ်ပရိသတ်တွေအတွက် မြန်မာစာ မြန်မာစကားအစီအစဉ်ကို တင်ဆက်ပေး ရမယ့်နေ့ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွက် ဖော်ပြပေးချင်တာကတော့ မြန်မာစာရေးသားရာမှာ မှားယွင်းရောထွေးတတ်တဲ့ စာလုံးပေါင်းသတ်ပုံတွေအကြောင်းပါ။ ဒါကို ‘အမှား’ ‘အမှန်’ ရွေးတဲ့ပုံစံနဲ့ဖန်တီးတင်ဆက်ပေးထားလို့ ခွဲခြားရွေးချယ်ကြည့်ကြစေချင်ပါတယ်။ ဘယ်သူတွေကများ အားလုံးမှန်အောင်ရွေးနိုင်မလဲဆိုတာလည်း ရိုးရာလေးက သိချင်မိနေလို့ပါ။…

myanmarsar.jpg

မြန်မာစာကို စနစ်တကျရေးသားနည်း

မြန်မာစာ မြန်မာစကားနယ်ပယ်မှာ `နှုတ်တစ်ရာ စာတစ်လုံး´ ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ်။ ‘စကား’ ထက် ‘စာ’ က ပိုအရေးကြီးတယ်လို့ဆိုလိုတာပါ။ မြန်မာစာမှာ ခိုင်မာတိကျတဲ့သဒ္ဒါစနစ်ရှိနေပေမဲ့လည်း မြန်မာလူမျိုးတွေထဲမှာတော့ ဒါကို ရေရေရာရာနားလည်ထားသူ များများမရှိနေပါဘူး။ မြန်မာစာကိုကျွမ်းကျင်ပိုင်နိုင်လာစေဖို့ လေ့လာကိုးကားစရာ မြန်မာသဒ္ဒါဆိုင်ရာစာအုပ်စာတမ်းတွေကတော့…

10.8.2019.jpg

သိရှိမှတ်သားထားဖွယ်ရာ စကားကြီး (၁၀) မျိုး

စကားပြောဆိုတဲ့အခါ ကျွမ်းကျင်လိမ္မာစွာပြောဆိုတဲ့နည်းလမ်းအသွယ်သွယ်ကို စကားကြီး (၁၀) မျိုးရယ်လို့ မြန်မာစာ မြန်မာစကားနယ်ပယ်မှာ ခွဲခြားသတ်မှတ်ထားပါတယ်။ အဲဒီ စကားကြီး (၁၀) မျိုးကတော့ – ၁။ ရေကူးညာတင် ပြောနည်း ၂။ ကောက်ပင်ရိတ်လှီး ပြောနည်း ၃။…

3.8.2019.jpg

ဝေါဟာရတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဒီတစ်ပတ်မှာတော့ စာဖတ်ပရိသတ်တွေကို “နကန်းတစ်လုံးမှမသိ” ဆိုတဲ့စကားအကြောင်း ဖော်ပြပေးချင်ပါတယ်။ စာဖတ်ပရိသတ်တွေအနေနဲ့ ဒီစကားရပ်ကို ကောင်းကောင်းကြားဖူးနေကြမှာပါ။ ဗျည်းအက္ခရာအသုံးအနှုန်းနဲ့ ဆက်စပ်ပေါ်ပေါက်လာတဲ့စကားဖြစ်ပြီး နငယ် ရဲ့ သဘောသဘာဝကို ဆိုလိုထားတာပါ။ နငယ်မှာက “န” ကောင်း နဲ့ “န”ကန်း ရယ်လို့…

27.7.2019-1.jpg

အသံတူသော်လည်း အဓိပ္ပာယ်ကွဲသည့်ဝေါဟာရများ

စာဖတ်ပရိသတ်တွေအတွက် မြန်မာစာ မြန်မာစကား အစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ပတ်အတွက် ဖော်ပြပေးချင်တာက ရွတ်ဆိုရတဲ့အသံထွက်တူပေမဲ့ အဓိပ္ပာယ်အရ ကွဲပြားနေတဲ့ ဝေါဟာရတွေအကြောင်းဖြစ်ပါတယ်။ ဟည်းနှင့် ဟီး ဟည်း – ပြင်းထန်ကျယ်လောင်လွန်းတဲ့အသံတွေကို ဖော်ညွှန်းလိုတဲ့အခါမျိုးမှာ အသုံးပြုရတာဖြစ်ပါတယ်။ ဥပမာ –…

20.7.2019.jpg

ဝေါဟာရများ၏ အဓိပ္ပာယ် (သစ်သီးဝလံ၊ ပန်းမာလ်)

စာဖတ်ပရိသတ်တွေအတွက် မြန်မာစာ မြန်မာစကားအစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ပတ်အတွက် ဖော်ပြပေးချင်တာကတော့ သုံးစွဲနေကျအသုံးအနှုန်းတွေဖြစ်ပေမဲ့ အဓိပ္ပာယ်ကိုအမှတ်တမဲ့ဖြစ်နေတတ်တဲ့ ဝေါဟာရတွေအကြောင်းပဲ ဖြစ်ပါတယ်။ သစ်သီးဝလံ သစ်သီး ဆိုတာ သစ်ပင်ကြီးငယ်တွေမှာသီးတဲ့အသီး ဖြစ်ပါတယ်။ (ဥပမာ – အုန်း၊ ထန်း၊ မာလကာ၊…

13.7.2019.jpg

မှားယွင်းရေးသားမိတတ်သောစာလုံးများ

စာဖတ်ပရိသတ်တွေအတွက် မြန်မာစာ မြန်မာစကားအစီအစဉ်လေးကို ပြန်လည်တင်ဆက်ပေးပါရစေ။ ဒီတစ်ပတ်အတွက် ဖော်ပြပေးချင်တာကတော့ မှားယွင်းရေးသားမိတတ်တဲ့ စာလုံးပေါင်းသတ်ပုံတွေ အကြောင်းထဲက “ကရားနှင့် ခရား” ရေးသားပုံ ဖြစ်ပါတယ်။ ကရားနှင့် ခရား ရေကရား၊ လ္ဘက်ရည်ကရား ဆိုတဲ့ စာလုံးပေါင်းတွေကို အသံထွက်ကိုလိုက်ပြီး…

26.6.2020.jpg

လေ့လာမှတ်သား မြန်မာစကားပုံများ

စကားပုံဆိုတာ အနက်အဓိပ္ပါယ်နဲ့ ပြည့်စုံပြီး လူအများ စံပြု ပုံခိုင်းနှိုင်း ပြောဆိုလေ့ရှိကြတဲ့စကား၊ ပြောထုံးစကားမျိုး ဖြစ်ပါတယ်။ ဒီနေ့ဖော်ပြပေးလိုက်တဲ့ “တံငါကို ပိုက်ထိုးသင်၊ မုဆိုးကို သားထိုးသင်” စကားပုံက ပိုက်ကွန်နဲ့ အသက်မွေးတဲ့တံငါသည်ကို ပိုက်ထိုးနည်း၊ သားကောင်သတ်နေကျ မုဆိုးကို…