သင့်ရဲ့စိုးရိမ်ကြောင့်ကြပူပန်မှုတွေကို ပိုပြီးအားကောင်းလာနေစေတဲ့ အလေ့အထများ
သင့်ရဲ့ဦးနှောက်ဟာ သင်နေ့စဉ်လုပ်နေတဲ့ ကိစ္စရပ်တိုင်းကို အမြဲတမ်း အကောင်းမွန်ဆုံးပုံဖော်ပေးနိုင်ဖို့ရာ မလွယ်ကူလှပါဘူး။ တံခါးကိုဆွဲဖွင့်ဖို့ လက်ရဲ့အကူအညီကိုလိုတာ၊ ရေသောက်ဖို့ ပါးစပ်ဟမှရတာမျိုးတွေနဲ့ facebook ကိုမကြာခဏစစ်နေမိတာမျိုးတွေဟာ စွဲမြဲနေတဲ့အလေ့အထတွေဖြစ်တဲ့အတွက် ဘာလုပ်ဖို့ ဘာလိုတယ်ဆိုတာကို လူသားတွေရဲ့ဦးနှောက်က အထူးတလည်သတိပေးနေစရာမလိုတော့ပါဘူး။

