1-lbRQRBMyPvJ6EU89_pHo5A.jpeg

အလုပ်ထဲမှာ ရာထူးအမြဲတိုးကြသူတွေရဲ့ အကြောင်းရင်း

အလုပ်ခွင်တော်တော်များများမှာ ဖြစ်လေ့ရှိတဲ့သဘောသဘာဝက သာမန်အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်ပဲရှိတဲ့ ဝန်ထမ်းတွေက ထိပ်တန်းတွေထက် သာသွားတာပါပဲ။ ဒီလိုဖြစ်ရတာကလည်း အကြောင်းအရင်းအမျိုးမျိုးaကြာင့်ဆိုပေမဲ့ ရာထူးမြန်မြန်ဆန်ဆန် တိုးသွားသူတွေက ဘွင်းဘွင်းရှင်းရှင်းနဲ ပျော်ပျော်နေတတ်သူတွေဖြစ်ဖို့များပါတယ်။ ဒီလိုမျိုး အရည်အချင်းမျိုးရှိလို့လည်း အလုပ်ခွင်မှာ လူတိုင်းနဲ့အဆင်ပြေပြီး ရာထူးတိုးဖို့အလားအလာ ရှိသွားတာပါလို့ ရောင်းအားအကောင်းဆုံးစီမံခန့်ခွဲမှုဆိုင်ရာစာပေတွေကို…

pham-tham.jpg

လွန်ခဲ့တဲ့ နှစ် (၃၀) အကြာက အာကာသထဲကိုခရီးနှင်ခဲ့ဖူးတဲ့ ပထမဆုံးအာရှတိုက်သား

အာကာသထဲရောက်ခဲ့ကြတဲ့ ဂန္တဝင်အာကာသသူရဲကောင်းတွေလို့ဆိုလိုက်ရင် နေးလ် အမ်းစထရောင်း တို့လို အနောက်နိုင်ငံသားတွေကိုပဲ အရင်ပြေးမြင်မိကြမှာပါ။ ဒါပေမဲ့ အဲဒီအာကာသသူရဲကောင်းတွေထဲမှာ အာရှသားတစ်ဦးပါဝင်နေတယ်ဆိုတာ စာဖတ်ပရိသတ်တွေ သိများသိထားကြပြီလား။ အဲဒီအာရှသားကတော့ ဗီယက်နမ်အမျိုးသား Pham Tuan ပဲဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ (၃၉)…

65203191_424918318358697_736749133653606400_n.jpg

ဝန်ထမ်းတွေအနေနဲ့ တစ်ပတ် (၄) ရက်သာ အလုပ်လုပ်သင့်ကြောင်း သုတေသီတို့ဆို

တချို့သူတွေက ရက်များများအလုပ်လုပ်လေလေ အလုပ်ပိုပြီးလေလေလို့ ထင်ကြပါတယ်။ တကယ်တော့ ဒါဟာ ယုံတမ်းတစ်ခုသာဖြစ်တယ်လို့ သုတေသီတို့က ဆိုပါတယ်။ လေ့လာခဲ့တဲ့စမ်းသပ်ချက်တွေအရဆိုရင်လည်း လူအများစုဟာ တစ်နေ့ (၄-၅) နာရီလောက်သာ တက်တက်ကြွကြွအလုပ်လုပ်နိုင်ကြပါတယ်။ အာရုံစူးစိုက်နိုင်တဲ့အချိန်ထက်ပိုပြီး အလုပ်သမားတွေကို အလုပ်ခိုင်းခြင်းက သူတို့ရဲ့ဖန်တီးနိုင်စွမ်းကို ဟန့်တားလိုက်တာနဲ့…

67560064_879045745791819_4650765028205527040_n.jpg

Motourlogue ခရီးသွားနှစ်ဦး Finland နိုင်ငံရောက်ပြီ

မိုင်ပေါင်းသုံးသောင်းနီးပါးရှိကမ္ဘာပတ်ခရီးစဉ်ကို ဘီအမ်ဒဗလျူမော်တော်ဆိုင်ကယ်နဲ့ ခရီးနှင်နေကြတဲ့ မြန်မာနိုင်ငံသားဆိုင်ကယ်သမား ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖတို့နှစ်ဦးကတော့ ခရီးနှင်ချိန် (၂) လတာအတွင်း နိုင်ငံများစွာကိုဖြတ်သန်းခဲ့ကြပြီး ဇူလိုင်လ (၂၈) ရက်မှာတော့ (၁၁) နိုင်ငံမြောက်အဖြစ် Finland နိုင်ငံထိ ရောက်ရှိလာကြပြီဖြစ်ပါတယ်။   ရုရှားကနေတစ်ဆင့်…

Mentalhealth-v3.jpg

ကိုယ်ဖြစ်နေတာက ဝမ်းနည်းတာလား၊ စိတ်ဓာတ်ကျတာလား

ဝမ်းနည်းခြင်းဆိုတာ လူသားတိုင်း တစ်နေ့မဟုတ်တစ်နေ့ ကြုံတွေ့ရမယ့်၊ ခံစားရမယ့် ခံစားချက်တစ်မျိုးပါ။ စိတ်ဓာတ်ကျတယ်ဆိုတာကတော့ ဒီနေ့ခေတ်စိတ်ကျန်းမာရေးပြဿနာတွေထဲမှာ အဖြစ်အများဆုံး စိတ်ရောဂါတစ်မျိုးဖြစ်နေပါတယ်။ ဒီအခြေအနေနှစ်ခုဟာဆက်စပ်နေပေမယ့် လုံးဝတူနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ရော ဝမ်းနည်းတာနဲ့ စိတ်ဓာတ်ကျတာ သဲသဲကွဲကွဲသိရဲ့လားဆိုတာ ဒီဆောင်းပါးက အဖြေရှာပေးမှာပါ။…

67141508_759049494510237_6395235513816580096_n.jpg

ကြွက်ကလေးရဲ့ ဘဝဖြစ်တည်မှုအစစ်အမှန်

တစ်ခါက ကြွက်တစ်ကောင်ဟာ ရန်သူတော် ကြောင်ရဲ့ အန္တရာယ်ကြောင့် နေ့စဉ်နဲ့အမျှ ပူပင်သောက ရောက်နေခဲ့ရပါတယ်။ ဒီလို တမှိုင်မှိုင်ဖြစ်နေတဲ့ ကြွက်ကို တွေ့ရတဲ့တန်ခိုးရှင် တစ်ဦးက စိတ်မသက်သာဖြစ်လာတဲ့အတွက် ကြွက်ကလေးကို ကြောင်အဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။ အဲဒီနောက် နောက်တစ်ရက်ရောက်တဲ့အခါမှာ ကြွက်တစ်ဖြစ်လဲကြောင်လေးက ခွေးအန္တရာယ်ကို…

blog-image.jpg

ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်ဖို့ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်ပါစေ

သူများတွေအောင်မြင်တာကိုကြည့်ပြီး အားကျနေလား။ ကိုယ်တိုင်ရောအောင်မြင်ချင်နေပြီလား။ ဒါဆိုရင်တော့ အောင်မြင်နေရသူတွေမှာရှိနေတဲ့ လျှို့ဝှက်ချက်လေးတစ်ခုပြောပြမယ်နော်။ ဒါကတော့ လူသားတိုင်းကို သဘာဝတရားကြီးက တပြေးညီပေးထားတဲ့ အချိန် (၂၄) နာရီကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချတတ်ခြင်းပါ။ အောင်မြင်နေတဲ့သူတွေက အချိန်ကိုဘယ်လိုအကျိုးရှိရှိအသုံးချလဲသိချင်ရင် ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပါရစေနော်။…

shutterstock-430974775.png

အမျိုးသားများ စိတ်ရောဂါကြောင့်အသက်သေဆုံးနိုင်ချေပိုများ

ဘယ်လိုရောဂါပဲဖြစ်နေပါစေ၊ စိတ်ရောဂါဆိုတာ ပေါ့ဆလို့မရတဲ့ပြဿနာပါ။ လူတော်တော်များများက စိတ်ဆိုတာကြံ့ခိုင်ရင်ရတယ်၊ လုပ်ယူရင်ရတယ်၊ စိတ်ပျော့ညံ့တယ်ဆိုတာ လူညံ့လူဖျင်းတွေအလုပ်ဆိုပြီး ယူဆလိုက်ကြတာပါ။ တကယ်တော့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူရယ်လို့ဖြစ်လာတဲ့အခါ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်၊ ပြဿနာပေါင်းစုံကို ဖြေရှင်းကြရမယ်၊ ဒီလိုမျိုး နေ့စဉ်ကြုံတွေ့နေရတဲ့အခါ ဘယ်လောက်ပဲကြံ့ခိုင်နေတဲ့လူသားတစ်ဦးဖြစ်နေပါစေ…

30742901_1528525990592054_6844546989137330176_n.jpg

ဆရာမဂျူးရဲ့ ‘တိမ်နဲ့ချည်တဲ့ကြိုး’၊ ပုညခင်ရဲ့ ‘တောင်တန်းတွေရဲ့အလွန်’ ဖတ်ပြီးကတည်းကသွားချင်နေခဲ့သော ချင်းတို့ဌာနေ ရိဒ်

မြန်မာပြည်ရဲ့ အသည်းနှလုံး၊ ချင်းပြည်နယ်ရဲ့ရင်နှစ်သည်းချာ သို့မဟုတ် ချင်းတောင်တန်းတွေကြား အမြင့်ပေ (၂၉၆၆) မှာ သဘာဝအတိုင်းတည်ရှိနေတဲ့ အချစ်ရဲ့သင်္ကေတအသည်းပုံလေး ရိဒ် (အကျယ် ၈၂၃ ဧက၊ အနက် ပေ ၅၀ မှ ပေ ၈၀)…

27.7.2019-1.jpg

အသံတူသော်လည်း အဓိပ္ပာယ်ကွဲသည့်ဝေါဟာရများ

စာဖတ်ပရိသတ်တွေအတွက် မြန်မာစာ မြန်မာစကား အစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ပတ်အတွက် ဖော်ပြပေးချင်တာက ရွတ်ဆိုရတဲ့အသံထွက်တူပေမဲ့ အဓိပ္ပာယ်အရ ကွဲပြားနေတဲ့ ဝေါဟာရတွေအကြောင်းဖြစ်ပါတယ်။ ဟည်းနှင့် ဟီး ဟည်း – ပြင်းထန်ကျယ်လောင်လွန်းတဲ့အသံတွေကို ဖော်ညွှန်းလိုတဲ့အခါမျိုးမှာ အသုံးပြုရတာဖြစ်ပါတယ်။ ဥပမာ –…