ရော်နယ်ဒိုရဲ့ နံပါတ် (၇) ဂျာစီကို ဆက်ခံဖို့ သေချာနေတဲ့ ဟာဇက်

64977900_2436398183057754_7187082991909208064_n.jpg

ချဲလ်ဆီးကနေ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက်ဟာ ရီးရဲလ်အသင်းရဲ့ ဂန္တဝင်ကစားသမားတွေ ဝတ်ဆင်ခဲ့တဲ့ နံပါတ် (၇) ဂျာစီကို ဆက်ခံဖို့ သေချာသလောက်ဖြစ်နေပါတယ်။ ရီးရဲလ်အသင်းမှာ ဘူထရာဂူနို၊ ရာအူးလ်၊ စီရော်နယ်ဒိုတို့က နံပါတ် (၇) ဂျာစီကို ဝတ်ဆင်ခဲ့ကြတာပါ။

လက်ရှိအချိန်မှာ မာရီယာနိုဒိုင်ယက်ဇ်က နံပါတ် (၇) ဂျာစီကို ဝတ်ဆင်ကစားနေပေမဲ့ သိပ်မကြာခင်မှာပဲ ဟာဇက်က နံပါတ် (၇) ဂျာစီကို လွှဲပြောင်းရယူမယ်လို့ သတင်းထွက်နေပါတယ်။ ရီးရဲလ်အသင်း ပရိသတ်တစ်ယောက်ဟာ ရီးရဲလ်အသင်း စတိုးဆိုင်ကနေ ဟာဇက်အမည်နဲ့ နံပါတ် (၁၀) ဂျာစီ မှာယူခဲ့ပေမဲ့ သူ့ဆီကို ရောက်လာတဲ့ဂျာစီမှာ ဟာဇက်ရဲ့ နံပါတ် (၇) ဂျာစီ ဖြစ်နေပါတယ်။ ဒူဘိုင်းမြို့မှာ ဖွင့်လှစ်ထားတဲ့ ရီးရဲလ်အသင်း တရားဝင်စတိုးဆိုင်မှာတော့ ဟာဇက်အမည် ရိုက်နှိပ်ထားတဲ့ နံပါတ် (၇) ဂျာစီတွေ ရောင်းချနေပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top