ဂျပန်ဘဏ္ဍာရေးဝန်ကြီး အမှားယွင်းတွေကြောင့် လစာငွေ ပြန်ပေးမယ်လို့ ဆို

japanese-finance-minister.jpg

ဂျပန် ဘဏ္ဍာရေးဝန်ကြီးဟာ မြေယာအရှုပ်တော်ပုံနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မှားယွင်းအောင် ပြုလုပ်ခဲ့မှုနဲ့ ပတ်သက်လို့ သူရဲ့အမှားကို တာဝန်ယူမှုအဖြစ် သူရဲ့ တစ်နှစ်စာ လစာကို ပြန်ပေးသွားတော့မယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

စုံစမ်းရေးအရာရှိတွေဟာ စာရွက်စာတမ်းတွေထဲမှာ နိုင်ငံပိုင်မြေယာကို ရောင်းချခဲ့တဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ သူရဲ့ ဇနီးဖြစ်သူကို ဖယ်ထုတ်ထားတာတွေ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။ နိုင်ငံပိုင်မြေယာကို ဝန်ကြီးချုပ် အာဘေးရဲ့ ဇနီးဖြစ်သူက မိတ်တွေကို ရောင်းချခဲ့မှုနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေပြီး ဝန်ကြီးချုပ် အာဘေးကို ပြင်းထန်တဲ့ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီး တာရာအာဆိုက စာရွက်စာတမ်းမှားယွင်းမှုတွေကြောင့် အစိုးရအဖွဲ့နဲ့ ဘဏ္ဍရေးဝန်ကြီးဌာနကို ပြည်သူတွေ ယုံကြည်မှု လျော့နည်းစေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဂျပန်ဘဏ္ဍရေးဝန်ကြီးဟာ အဆိုပါ မြေယာရောင်းဝယ်မှု စာရွက်စာတမ်း အမှားယွင်းတွေနဲ့ ပတ်သက်လို့ ဝန်ခံခဲ့ပေမယ့် ရာထူးက နုတ်ထွက်မှာတော့ မဟုတ်ကြောင်းဆိုထားပါတယ်။

ဂျပန်ဒုတိယဝန်ကြီးချုပ်အဖြစ်ပါ တာဝန်ယူထားတဲ့ ဝန်ကြီး အာဆိုက မြေယာရောင်းချမှု နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို မှားယွင်းအောင် လုပ်ဆောင်တာဟာ လက်မခံနိုင်ကြောင်း၊ အဲဒီအတွက်လည်း နောင်တ ရမိကြောင်းပြောဆိုထားပါတယ်။ ဒါ့အပြင် မှားယွင်းမှုတွေအတွက် တာဝန်ယူမှုအဖြစ် တစ်နှစ်စာလစာငွေ ဂျပန်ယမ်းငွေ သန်း ၃၀ ပြန်ပေးသွားမယ်လို့ ဂျပန်ဘဏ္ဍာရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ဝန်ကြီး အာဆိုက စာရွက်စာတမ်းတွေကို မှားယွင်းအောင်လုပ်ဆောင်မှု နဲ့ပတ်သက်လို့ အကြီးတန်းအရာရှိတစ်ဦး နုတ်ထွက်သွားခဲ့ပြီး အခြား ဝန်ထမ်း ၂၀ ကျော်ကို ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Ref: BBC “Japan’s finance minister returns salary over land scandal”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top