သမီးဦးရတနာလေးကို ပိုင်ဆိုင်ရပြီဖြစ်တဲ့ ဂျီဂျီ ဟာဒစ် နဲ့ ဇိန်း မာလိခ်

24-9-2020-yyl-005.jpg

နာမည်ကျော်မော်ဒယ်ဂျီဂျီ ဟာဒစ် နဲ့ အဆိုတော် ဇိန်း မာလိခ်တို့က သမီးဦးရတနာလေးကို ပိုင်ဆိုင်ခွင့်ရပါပြီ။ ဂျီဂျီက သမီးလေး မွေးဖွားခဲ့တယ်ဆိုတာကို ဇိန်းက တွစ်တာအကောင့်ကနေ ဗုဒ္ဓဟူးနေ့ ညက အတည်ပြုပေးခဲ့ပါတယ်။ တွစ်တာအကောင့်မှာ သမီးလေးကို လက်ကိုင်ထားတဲ့ပုံလေးနဲ့ “ကျွန်တော်တို့ရဲ့သမီးလေး ကျန်းမာလှပစွာနဲ့ လူလောကထဲ ရောက်လာပါပြီ။ အခု ကျွန်တော် ဘယ်လိုခံစားနေရလဲဆိုတာကို စကားလုံးနဲ့တောင် ထုတ်ပြောဖို့မဖြစ်နိင်ပါဘူး။ ဒီသေးငယ်လွန်းတဲ့လူသားလေးအတွက် ကျွန်တော့်အချစ်က ကျွန်တော့်ရဲ့စာနာနားလည်မှုတွေထက် ပိုပါတယ်။ သမီးလေးကို သိရလို့ဝမ်းသာတယ်။ ကျွန်တော့်ရဲ့သမီးလေးလို့ခေါ်ရတာကိုလည်း ဂုဏ်ယူမိတယ်။ ကျွန်တော်တို့အတူတူဖြတ်သန်းရမယ့်ဘဝကို ကျေးဇူးတင်ပါတယ်”လို့ ရေးသားထားပါတယ်။

ဇိန်းက ကလေးရဲ့နာမည်ကိုတော့ ကြေညာထားခြင်းတော့မရှိပါဘူး။ ဂျီဂျီ ဟာဒစ်က သူနဲ့ဇိန်းတို့ဟာ ကလေးလေးပိုင်ဆိုင်ရတော့မယ်ဆိုတာကို ဧပြီလက အတည်ပြုပေးခဲ့တာပါ။ အတည်ပြုပေးပြီး လအနည်းငယ်အကြာမှာ ဂျီဂျီက သူ့ရဲ့ကိုယ်ဝန်ကြီးရင့်လာတာကို ပရောဖက်ရှင်နယ်ဓာတ်ပုံဆရာတွေနဲ့ ဓာတ်ပုံရိုက်ပြီးထုတ်ပြခဲ့ပါတယ်။ အဲဒီပုံတွေကို “နတ်သမီးလေး ကြီးလာနေပြီ” ဆိုတဲ့စာသားလေးနဲ့ အင်စတာဂရမ်မှာ ပုံတင်ခဲ့ပါသေးတယ်။ ဧပြီလမှာ ဂျီဂျီက ကပ်ရောဂါအတွင်း သူတို့နှစ်ယောက်အတူတူ အိမ်မှာပဲ Quarantine ဝင်နေတယ်ဆိုတာကိုလည်း ထုတ်ပြောပြခဲ့ပါသေးတယ်။

ဂျီဂျီနဲ့ ဇိန်းတို့က ၂၀၁၅ခုနှစ်မှာ ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ ၂၀၁၈ခုနှစ်မှာ သူတို့နှစ်ယောက် လမ်းခွဲလိုက်ပြီး သူငယ်ချင်းတွေအဖြစ် ဆက်လက်ရှိနေမှာဖြစ်တဲ့အပြင် အဆက်အသွယ်လည်းရှိနေပါတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလမှာတော့ သူတို့နှစ်ယောက် ပြန်တွဲနေပြီဖြစ်ကြောင်းကို သတင်းမီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။

Ref: ABCNews “Gigi Hadid and Zayn Malik welcome a baby girl”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top