အသုံးဝင်စေမယ့် အန်းဒရိုက် (Android) အပ်ပလီကေးရှင်းလေးတွေ

38204321_2174195542835394_7444241783640293376_n.jpg

ဒီတစ်ပတ်တော့ ရိုးရာလေးပရိသတ်တွေအားလုံးအတွက် အသုံးဝင်နိုင်စေမယ့် အန်းဒရိုက် (Android) အပ်ပလီကေးရှင်းတွေအကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။

၁။ JOOX Music Player

ခုလက်ရှိ နောက်ဆုံးထွက်ရှိထားတဲ့ JOOX Music Player ဗားရှင်းရဲ့ file size က 39.99MB ရှိပါတယ်။ Google Play Store မှာ music player လို့ပဲ ရိုက်ရှာရင်တောင် Search list ရဲ့ ထိပ်ဆုံးမှာ ပေါ်လာပါလိမ့်မယ်။ Download လုပ်သူအရေအတွက် သန်း 50 ကျော်ရှိတာကို တွေ့နိုင်ပြီး Editor’s Choice လုပ်ထားခံရတဲ့ အပ်ပလီကေးရှင်း တစ်ခုလည်း ဖြစ်နေပါတယ်။

ဒီ App က Offline လည်း နားထောင်လို့ ရသလို Online ကနေလည်း နားထောင်လို့ရတဲ့ Music player App တစ်မျိုးပါ။ ရှာချင်တဲ့သီချင်းတွေကို Search box မှာ အလွယ်တကူရှာပြီး download လုပ်နိုင်တယ်။ သီချင်းစာသားကိုလည်း သီချင်းနားထောင်နေရင်း ကြည့်လို့ရတော့ လိုက်ဆိုချင်တဲ့သူတွေအတွက် အိုကေပါပဲ။

သူ့ကို သုံးမယ်ဆိုရင်တော့ ပထမဆုံး Log in ဝင်ရမှာပါ။ WeChat (သို့) Facebook အကောင့်ကနေလည်း Log inဝင်လို့ရသလို Other Accounts ဆိုတာက တစ်ဆင့် sign up လုပ်ပြီး သုံးလည်း ရတယ်။ သူ့ဆီက သီချင်းတွေမှာ QR code တွေပါတော့ အချင်းချင်း sharing လုပ်တဲ့အခါ QR code ကို scan လုပ်ပြီး share လိုက်ရုံပဲ။

Online ဖွင့်သုံးမယ်ဆို အပတ်တိုင်းမှာ collection လုပ်ပေးထားတဲ့သီချင်းတွေကို နားဆင်နိုင်မယ်။ အသစ်ထွက်တဲ့သီချင်းတွေကိုလည်း အလွယ်တကူ သိနိုင်ပါမယ်။ Music Theme အလိုက် စုပေးထားတဲ့ သီချင်းတွေလည်းရှိတော့ ကိုယ်ကြိုက်တဲ့ အမျိုးအစားကို အပင်ပန်းခံ ရှာနေစရာမလိုတော့ဘူး။ ကိုယ်တိုင် playlists လည်း လုပ်ထားလို့ရတယ်။ ကဲ အဆင်မပြေဘူးလား။

၂။ MM Font Converter

ယူနီကုတ်၊ ဇော်ဂျီတွေနဲ့ တစ်ယောက်တစ်မျိုး ဖေ့စ်ဘုတ်မှာ တင်နေကြတဲ့အချိန် ကိုယ်နဲ့ ဖောင့်အမျိုးအစား မတူလို့ ဖတ်ရတာ အဆင်မပြေတာမျိုး မရှိရလေအောင် Local App လေး တစ်ခုကို ပြောပြပေးမယ်နော်။ နာမည်က MM Font Converter တဲ့။ တစ်သိန်းကျော် download ဆွဲယူပြီး သုံးနေကြတဲ့ App တစ်ခုလည်း ဖြစ်တယ်။

သူက offline conventor တစ်မျိုးဖြစ်ပြီး အသုံးပြုရ အရမ်းလွယ်ပါတယ်။ ပြောင်းချင်တဲ့စာကို အလွယ်တကူ copy/paste လုပ်ရုံနဲ့ ပြောင်းလဲ ဖတ်ရှုနိုင်တာပါ။ download file size 722 kB ပဲ ရှိတော့ စမ်းသုံးကြည့်လိုက်ပါ။ တော်တော်အဆင်ပြေတဲ့ အပ်ပလီကေးရှင်းလေးတစ်ခုပါ။

၃။ Period Tracker

ဒီ App ကို ဒေါင်းလော့ခ်လုပ်တဲ့သူပေါင်း သန်း 100 ကျော် ရှိနေတာကို တွေ့ရပြီး Rating 4.8 လည်း ရထားတော့ တကယ်အဆင်ပြေလို့ သုံးနေကြမှန်း သိသာပါတယ်။ file size ကလည်း ခု နောက်ဆုံးဗားရှင်းကို 9.57MB ပဲ ရှိတယ်။

ဒီ App မှာက ကိုယ်ရဲ့ လစဉ် ဓမ္မတာ မှတ်တမ်းကို မှတ်သားထားနိုင်ပြီး ဘယ်ချိန်တွေမှာ ဓမ္မတာ လာနိုင်မလဲ၊ ဘယ်ရက်တွေက ကိုယ်ဝန်ရနိုင်ချေရှိလဲ စသဖြင့် ခန့်မှန်းသိနိုင်လို့ အဆင်ပြေပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ စိတ်အခြေအနေ၊ ကိုယ်အလေးချိန်၊ BMI အစရှိတာတွေကိုလည်း မှတ်ထားလို့ရတော့ ပြင်ဆင်မှုတွေ လုပ်လို့ရနိုင်မှာပါ။ (အကိုက်အခဲပျောက်ဆေး ကြိုသောက်သင့်ရင် သောက်လို့ရအောင်လို့) မိန်းကလေးတွေအတွက် အတော်လေး အဆင်ပြေပြီး သုံးရလွယ်တဲ့ App တစ်မျိုးမို့ ဒေါင်းလော့လုပ်ပြီး စမ်းသုံးကြည့်စေချင်ပါတယ်။

အခု ပြောပြပေးသွားတဲ့ App လေးတွေကို အသုံးပြုရင်း နေ့စဉ်ဘဝကို အဆင်ပြေပြေ ဖြတ်သန်းနိုင်ကြပါစေနော်။ နောက်ရက်တွေမှာလည်း ရှာဖွေပြောပြပေးပါဦးမယ်။

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top