ဟက်ကာတွေက ပြင်သစ်ကလပ်ဆီကနေ ပေါင် (၁.၉) သန်း ခိုးယူဖို့ကြိုးစား

67888566_2532889070075331_7030158209901920256_n.jpg

ဟက်ကာတွေက ပြင်သစ်ကလပ် အေမီယန်းအသင်းထံကနေ ပေါင် (၁.၉) သန်းခိုးယူဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ဖြစ်ရပ်ကို ပြင်သစ်ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေပါတယ်။ နွေရာသီ အပြောင်းအရွှေ့မှာ စပါးအသင်းကို ပေါင် (၆၅) သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ လိုင်ယွန်ကွင်းလယ်လူ အန်ဒွန်ဘီလီနဲ့ပတ်သက်ပြီး အေမီယန်းအသင်းက ပေါင် (၁၂) သန်းလောက်ရရှိခဲ့ပါတယ်။ အေမီယန်းဟာ အန်ဒွန်ဘီလီကို လိုင်ယွန်အသင်းထံရောင်းချခဲ့စဉ်က ချုပ်ဆိုခဲ့တဲ့စာချုပ်အရ အန်ဒွန်ဘီလီရဲ့ ပြောင်းရွှေ့ကြေး တချို့တဝက်ရရှိခဲ့တာပါ။

အခုလအစောပိုင်းက အေမီယန်းအသင်းက စပိန်ကလပ် လီဂါနက်စ်နဲ့ ခြေစမ်းပွဲကစားဖို့ပြင်ဆင်နေတုန်း ဟက်ကာတွေကအေမီယန်းအသင်းရဲ့ ဆာဗာကိုချိုးဖောက်ဝင်ရောက်ပြီး ပေါင် (၅၅၀၀၀၀) ရှိတဲ့ငွေစာရင်းကို စပိန်နိုင်ငံကဘဏ်အကောင့်တစ်ခုထဲ လွှဲပြောင်းဖို့ကြိုးစားခဲ့ပါတယ်။ ဘဏ်အကောင့်ထဲငွေလွှဲထည့်ဖို့ ကြိုးစားတာကိုတားဆီးနိုင်ခဲ့ပြီး အာဏာပိုင်တွေကို အကြောင်းကြားနိုင်ခဲ့ပါတယ်။ အေမီယန်းအသင်းအတွက်တော့ ဒီလိုကြုံရတာ (၂) ခါရှိပါပြီ။ အခုနှစ်အစောပိုင်းက လူငယ်ကစားသမား အီမရန်ကို မန်ယူအသင်းထံရောင်းချခဲ့ တုန်းကလည်း ဟက်ကာတွေက သူတို့အသင်းထံကနေ ငွေခိုးဖို့ကြိုးစားခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top