မေဝယ်သာက ပက်ကွီအိုရဲ့ဘဝကိုစွဲလမ်းအားကျနေရတာပါဆိုတဲ့ ဂစ်ဘွန်

68623793_2532888876742017_3050555609234538496_n.jpg

အမေရိကန်လက်ဝှေ့သမား(ဟောင်း) မေဝယ်သာက ပက်ကွီအိုရဲ့ဘဝကိုစွဲလမ်းအားကျနေတယ်လို့ ပက်ကွီအိုရဲ့ အကြံပေးပုဂ္ဂိုလ် ရှောင်ဂစ်ဘွန်ကပြောပါတယ်။ အသက် (၄၀) ရှိတဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုဟာ ပြီးခဲ့တဲ့လက အမေရိကန်လက်ဝှေ့သမား ကိတ်သာမန်းကို အမှတ်နဲ့အနိုင်ယူပြီး WBA ဝယ်လ်တာဝိတ်တန်း စူပါခါးပတ်ကိုသိမ်းပိုက်ခဲ့ပါတယ်။ ကိတ်သာမန်ကိုအနိုင်ရခဲ့ပြီးနောက်မှာတော့ ဝိတ်တန်း (၈) တန်း ကမ္ဘာ့ချန်ပီယံ ပက်ကွီအိုနဲ့ ပွဲတိုင်းနိုင်လက်ဝှေ့သမား မေဝယ်သာတို့ စိတ်မကျေပွဲထိုးဖြစ်မလားဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

ပက်ကွီအိုဟာ လွန်ခဲ့တဲ့ (၄)နှစ်က မေဝယ်သာကို အမှတ်နဲ့ရှုံးနိမ့်ခဲ့ဖူးပါတယ်။ သူ့ကိုရှုံးခဲ့ပေမဲ့ အခုအချိန်အထိ မေဝယ်သာက ကြိုးဝိုင်းထဲမှာအလီလီအောင်ပွဲခံနေဆဲဖြစ်လို့ မေဝယ်သာ က ကြိုးဝိုင်းထဲကို တစ်ကျော့ပြန် ပြန်ဝင်လာဖို့စဉ်းစားနေတယ်လို့ ရှောင်ဂစ်ဘွန်ကဆိုပါတယ်။

” ပက်ကွီအိုချန်ရစ်နိုင်ခဲ့တဲ့အရာတွေက တိုးလာပါတယ်။ မေဝယ်သာဟာ ၂၀၁၅ ခုနှစ်ပွဲစဉ်ပြီးကတည်းက ပက်ကွီအိုရဲ့ဘဝကို စွဲလမ်းအားကျခဲ့ပါတယ်။ အသက် (၄၀) အရွယ်မှာ ပက်ကွီအိုက သမိုင်းတစ်ခု ရေးထိုးနေတုန်းပါပဲ။ ဝယ်တာဝိတ်တန်းမှာ မကြုံဖူးလောက်တဲ့စွမ်းဆောင်မှုတွေလုပ်ပြနေတယ်။ အရင်တုန်းက သူ့လိုလုပ်ပြနိုင်ခဲ့သူမရှိပါဘူး။ ပက်ကွီအိုက မေဝယ်သာကိုဥပမာထားပြီး သူ့ဘဝကို တည်ဆောက်ခဲ့ခြင်းမရှိပါဘူး။ မေဝယ်သာကတော့ အခုချိန်မှာ ပက်ကွီအိုကိုဥပမာထားပြီး သူ့ဘဝကိုတည်ဆောက်နေပုံပါပဲ”လို့ ရှောင်ဂစ်ဘွန်က ပြောပါတယ်။

မေဝယ်သာကတော့ မီဒီယာတွေမှာ ပက်ကွီအိုရဲ့အမည်ကိုဖော်ပြတိုင်း သူ့အမည်ကိုယှဉ်တွဲဖော်ပြလေ့ရှိပြီး ပက်ကွီအိုရဲ့ ကစားသမားဘဝနဲ့ ကမ္ဗည်းမှတ်တမ်းတွေက သူ့ကိုအမှီသဟဲပြုခဲ့ရတာလို့တုံ့ပြန်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top